“Avengers: Doomsday” မှာ Captain America အဖြစ် ပါဝင်လာမယ့် ခရစ်အီဗန်စ်

captian.jpg

မင်းသား ခရစ်အီဗန်စ်ဟာ သူ့ရဲ့ Captain America ဇာတ်ကောင် Steve Rogers အဖြစ် Avengers: Doomsday မှာ ပြန်လာတော့မှာဖြစ်ပါတယ်။ Marvel က Avengers: Doomsday ရဲ့ပထမဆုံးဇာတ်ကားနမူနာကို ထွက်ရှိပေးခဲ့ပြီး အဲ့ဒီမှာ ခရစ်အီဗန်စ်ကို Captain America ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်လာတာကို တွေ့ရပါတယ်။

“Avatar: Fire and Ash” ဇာတ်ကားရဲ့အစောပိုင်းပြသမှုတွေမတိုင်မီ ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ ဗီဒီယိုဖိုင် ပေါက်ကြားပြီးနောက် ဒီဇာတ်ကားနမူနာက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။ အီဗန်စ်က ၂၀၁၉ ခုနှစ်ရဲ့ Avengers: Endgame ဇာတ်ကားပြီးကတည်းက Marvel ဇာတ်ကားတွေမှာ Steve Rogers အဖြစ် မပါဝင်ဖြစ်ခဲ့ပါဘူး။

Avengers: Doomsday မှာ Thor, Loki, Bucky Barnes, Shuri, Ant-Man, U.S Agent, Namor, Shang-Chi, Yelena Belova, Joaquin Torres, Alexei Shostakov, M’Baku, Ava Starr ဇာတ်ကောင်တွေ ပါဝင်လာမှာဖြစ်ပါတယ်။ The Fantastic Four; First Steps ဇာတ်ကောင်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ “Avengers: Doomsday” ဇာတ်ကားကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: Chris Evans returns as Steve Rogers in 1st ‘Avengers: Doomsday’ teaser trailer

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top