တရုတ်နိုင်ငံမှာ download ဆွဲသူ အများဆုံးဖြစ်နေတဲ့ ”သေပြီလား” Application

image-1.png

” သေပြီလား”(Are You Dead?)လို့ အမည်ပေးထားတဲ့ Application ကတော့ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ download ဆွဲသူ အများဆုံး အခပေး app အဖြစ် ရပ်တည်နေပါတယ်။

Are You Dead? app ရဲ့ လုပ်ဆောင်ချက်ကတော့ အသုံးပြုသူဟာ အနည်းဆုံး ၂ ရက်ကို တစ်ကြိမ် Check in today Button ကို နှိပ်ပေးရမှာဖြစ်ပြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း ပြသရမှာပါ။ ၂ ရက်ကျော်တဲ့အထိ Check in မနှိပ်မိရင်တော့ မိသားစု (သို့)မိတ်ဆွေတွေထဲမှ အရေးပေါ်ဆက်သွယ်ရမယ့်သူကို အလိုအလျောက် အချက်ပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက စတင်ဖြန့်ချီခဲ့တဲ့ ဒီ app ဟာ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာတော့ တစ်ဦးတည်းနေထိုင်ကြတဲ့ တရုတ်လူငယ်တွေကြား ရေပန်းစားလာခဲ့တာဖြစ်ပြီး download ဆွဲသူ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။

သုတေသနပြုလုပ်ချက်တွေအရ ၂၀၃၀ ပြည့်နှစ်အရောက် တရုတ်နိုင်ငံမှာ တစ်ဦးတည်းနေထိုင်သူ သန်း ၂၀၀ အထိ ရှိလာနိုင်မယ်လို့ ဖော်ပြထားပြီး ပြောင်းလဲလာတဲ့ လူနေမှုပုံစံအရ ဒီ app ရဲ့ ရေပန်းစားမှုလည်း သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Are You Dead?: The viral Chinese app for young people living alone

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top