ဖုန်းကို Block လိုက်လို့ ချစ်သူကောင်လေးနဲ့ ရန်ဖြစ်စကားများရင်း ကောင်မလေးက ဓားနဲ့ထိုးမှုဖြစ်ပွား

mmu.jpg

အမျိုးသမီးငယ်တစ်ဦးဟာ ချစ်သူကောင်လေးက သူ့ရဲ့ဖုန်းကို Block ထားလို့ ရန်ဖြစ်စကားများကြရင်း ချစ်သူကောင်လေးကို ဓားနဲ့ထိုးသတ်မိခဲ့ပါတယ်။ ဒီမတော်တဆမှုကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေက အိန္ဒိယနိုင်ငံ၊ ချဟာတစ်ဂါပြည်နယ်၊ ဘီလာစပူရ်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် ကမ်တာ ပရာဆတ် ဆိုတဲ့ ကောင်လေးက ငှားရမ်းထားတဲ့အိမ်မှာ နေထိုင်ပြီး ဒေသတွင်းဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေတာပါ။ သူဟာ လွန်ခဲ့တဲ့ ၆ လလောက်က အသက် ၂၂ နှစ်အရွယ် ရိုရှနီကို အင်စတာဂရမ်ကနေ သိကျွမ်းခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်ကျော်လောက်က ကမ်တာဟာ ရိုရှနီကို အဆက်အသွယ်ဖြတ်ကာ သူ့ရဲ့ဖုန်းနံပါတ်နဲ့ မက်ဆေ့ချ်တွေကို Block ထားခဲ့ပါတယ်။

အခုလိုလုပ်ခဲ့တဲ့အတွက် ရိုရှနီက ဒေါသထွက်ပြီး သူ့ကောင်လေးက အခြားမိန်းမတစ်ယောက်နဲ့ တွေ့နေလားဆိုပြီး သံသယဝင်လာခဲ့ပါတယ်။ အဲ့ဒီနောက် ရိုရှနီက ဓားတစ်ချောင်းကို သယ်ဆောင်ကာ ကမ်တာရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ ကမ်တာက တံခါးဖွင့်လိုက်တာနဲ့ သူ့ရဲ့ဖုန်းကို ရိုရှနီက တောင်းပါတယ်။ ကမ်တာက ဖုန်းပေးဖို့ ငြင်းဆန်လိုက်တဲ့အတွက် အငြင်းပွားပြောဆိုမှုတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ရိုရှနီက ကမ်တာရဲ့ရင်ဘတ်တည့်တည့်ကို ယူဆောင်လာခဲ့တဲ့ဓားနဲ့ ထိုးခဲ့ပါတယ်။

ကမ်တာရဲ့အခန်းဖော်က ဆူညံသံကြားလို့ ထွက်ကြည့်လိုက်တဲ့အခါမှာ ရင်ဘတ်မှာ သွေးတွေထွက်ပြီး လဲကျနေတဲ့ ကမ်တာကို တွေ့ခဲ့ရပါတယ်။ ဆေးရုံပို့ဆောင်နေစဉ် ကမ်တာဟာ သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ရိုရှနီကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ ကမ်တာကိုခြောက်လှန့်ဖို့အတွက်သာ ဓားကို ယူဆောင်လာခဲ့တာဖြစ်တယ်လို့ ရိုရှနီက ထွက်ဆိုထားပါတယ်။ စုံစမ်းစစ်ဆေးသူတွေက သမီးရည်းစားဆက်ဆံရေးသဘာဝအရ ရန်ဖြစ်စကားများမှုကနေ လူသတ်မှုအထိဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ကမ်တာရဲ့ရုပ်အလောင်းကို ရင်ခွင်စစ်ဆေးဖို့ ပို့ဆောင်ထားပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ref: Boyfriend Blocks Her Calls And Messages, Woman Stabs Him To Death

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top