Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲအနီးမှာ ဗုံးဖောက်ခွဲမှုဖြစ်ပွား

96171772_shutterstock_editorial_8828037c_large.jpg

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပနေတဲ့ အမေရိကန် တေးသံရှင် Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲ အနီးတစ်ဝိုက်မှာ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖောက်ခွဲမှုဟာ ဗြိတိန်စံတော်ချိန်အရ တနင်္လာနေ့ ည ၁၀ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် လက်ရှိအချိန်ထိ လူ ၂၂ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဗုံးပေါက်ခဲ့တဲ့နေရာက ဂီတဖျော်ဖြေပွဲလုပ်နေတဲ့ မန်ချက်စတာအရီနာ အဆောက်အဦနဲ့ ဗစ်တိုးရီးယားဘူတာရုံအကြားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ရဲတွေရဲ့ အဆိုအရ အသေခံဗုံးဖောက်ခွဲသူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး ဒီဗုံးကို နေအိမ်မှာ ကိုယ်တိုင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေတဲ့ ဂီတဖျော်ဖြေပွဲကို လာရောက်ကြသူတွေကိုလည်း မိသားစုတွေက လူမှုကွန်ရက်ကို အသုံးပြုပြီး ရှာဖွေနေကြတုန်းပါပဲ။ အသက်ရှင်ကျန်ခဲ့သူအချို့ကတော့ ပေါက်ကွဲမှုကြောင့် အဆောက်အဦဟာ တုန်ခါသွားခဲ့ပြီး လူသေအလောင်းတွေနဲ့ ဒဏ်ရာရသွားသူတွေ၊ ထွက်ပြေးတဲ့သူတွေကြောင့် ကမ္ဘာပျက်တဲ့အခြေအနေမျိုး ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

အဆိုတော် Ariana Grande ကတော့ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ ဒီအဖြစ်အပျက်အတွက်လည်း နှလုံးသား ကွဲကြေခဲ့ရပြီး ပြောစရာစကား မရှိလောက်အောင် စိတ်မကောင်းဖြစ်ရတယ်လို့ သူမ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Ref: BBC news; “Manchester attack: 22 dead and 59 hurt in suicide bombing”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top