မေရီလန်းပြည်နယ်က ကလေးမလေးတစ်ဦးဟာ အသက် ၈ နှစ်အရွယ်မှာပဲ ဂရမ်မီဆုရှင်ဖြစ်လာခဲ့ပါတယ်။ သူဟာ သူ့အဖေနဲ့အတူ ၆၈ ကြိမ်မြောက်ဂရမ်မီဆုပေးပွဲမှာ ဂရမ်မီဆုကို ရရှိခဲ့တာပါ။
Aura V နဲ့ သူ့အဖေ Harold Simmons II (အနုပညာနာမည် Fyütch) တို့ဟာ သားအဖနှစ်ဦးပူပေါင်းတင်ဆက်ထားတဲ့ Harmony အယ်လ်ဘမ်နဲ့ အကောင်းဆုံးကလေးဂီတအယ်ဘမ်ဆုကိုဆွတ်ခူးခဲ့တာပါ။ ဒီဆုရရှိတာက Aura V ကို ဂရမ်မီဆုပေးပွဲသမိုင်းတစ်လျှောက်မှာ အငယ်ဆုံးဂရမ်မီဆုရှင်ဖြစ်စေခဲ့ပါတယ်။
သူတို့သားအဖက ဒီဆုကို Cryto.com Arena မှာ ပြုလုပ်မယ့်ဆုပေးပွဲကြီးမတိုင်ခင် Peacock Theater မှာကျင်းပတဲ့ 68th GRAMMY Awards Premiere Ceremonyမှာ လက်ခံရယူခဲ့တာပါ။ Aura က တတိယတန်းကျောင်းသူလေးဖြစ်ပြီး ဖခင်ဖြစ်သူ Simmons ကတော့ ကိုယ်ပိုင်လွတ်လပ်တဲ့ဂီတအနုပညာလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းနေတဲ့သူဖြစ်ပါတယ်။ သူတို့ရဲ့ဂီတပူးပေါင်းဆောင်ရွက်မှုက သူတို့သားအဖကို ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့ပါတယ်။
Ref: 8-year-old wins her 1st Grammy alongside her dad
WL (ရိုးရာလေး)

