တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်ပြည်နယ်က နာမည်ကြီးရှောင်လင်ဘုန်းကြီးကျောင်းမှာ အံ့ဩဖွယ်ရာထူးခြားတဲ့မြင်ကွင်းတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေ မြင်တွေ့ခဲ့ရပါတယ်။ လူသားပုံစံစက်ရုပ်တွေက ရှောင်လင်ကွန်ဖူးကို ကိုရင်တွေနဲ့အတူ လေ့ကျင့်နေတဲ့မြင်ကွင်းပါပဲ။ ရှေးဟောင်းအစဉ်အလာနဲ့ ခေတ်မီနည်းပညာရောနှောလာမှုက ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ကိုရင်တွေနဲ့ စက်ရုပ်တွေ ကွန်ဖူးလေ့ကျင့်နေတဲ့ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။ ဒီဗီဒီယိုတွေနဲ့ပတ်သက်ပြီး လူတွေရဲ့တုံ့ပြန်မှုက ချီးကျူးတာရှိသလို ကြောက်ရွံ့တာတွေလည်းရှိပါတယ်။ တော်တော်များများက စက်ရုပ်တွေရဲ့တိုးတက်လာတာကို အံ့အားသင့်နေကြပါတယ်။ ဗီဒီယိုတွေမှာ ရှောင်လင်ကိုရင်တွေနဲ့အတူ တစ်ပြိုင်နက်တည်းရွေ့လျားနေတာကိုတွေ့ရပါတယ်။ ဒီစက်ရုပ်တွေက ကိုယ်ခံပညာကိုယ်ဟန်အနေအထားတွေကို တုပကာ လေ့ကျင့်နိုင်ကြပါတယ်။ လှုပ်ရှားမှုတစ်ခုချင်းစီကို ဂရုတစိုက်ပုံတူလေ့ကျင့်နိုင်ကြတာကို တွေ့မြင်ရပါတယ်။
Video ကြည့်ရှုရန် – https://www.youtube.com/shorts/mt3929HlbIk
Ref: Robots Join Monks For Kung Fu Practice At China’s Shaolin Temple
WL (ရိုးရာလေး)

