ကမ္ဘာကျော်ကနေဒါလူမျိုးအဆိုတော် The Weeknd ဟာ မကြာသေးခင်ကမှ ဟောင်ကောင်မင်းသားကြီး တိုနီလျန်၊ သူ့ဇနီးတို့နဲ့အတူ သီးသန့်ညစာစားပွဲပြုလုပ်ခဲ့ကြပါတယ်။ The Weeknd က လာမယ့်သီတင်းပတ်ကုန်ရက်အတွင်း ဖျော်ဖြေပွဲ ၄ ပွဲပြုလုပ်ဖို့အတွက် ပွဲမစမီတစ်ပတ်အလိုကတည်းက ဟောင်ကောင်ကို ရောက်ရှိနေခဲ့တာပါ။
သူတို့ညစာစားတဲ့ပုံတွေကို တိုနီလျန်ရဲ့ဇနီးဖြစ်သူက “The Weeknd နဲ့အတူ ပြီးပြည့်စုံတဲ့သီတင်းပတ်ကုန်ရက်လေးပါပဲ”လို့ အင်စတာဂရမ်မှာ ရေးသားတင်ခဲ့တာပါ။ Victoria Harbour ရဲ့လှပတဲ့ရှုခင်းကို နောက်ခံထားပြီး သူတို့ ၃ ဦးဓာတ်ပုံရိုက်ကူးထားတာပါ။ The Weeknd ကလည်း သူတို့တွေ့ဆုံခဲ့ကြတဲ့ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ သူတို့အတူ ညစာစားခဲ့ကြတာက အောက်တိုဘာ ၁၆ ရက်နေ့ကပါ။
သူတို့ ၃ ဦး မမျှော်လင့်ပဲ ဆုံတွေ့ပြီး ရိုက်ထားတဲ့ ပုံတွေကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက အံ့အားသင့်ခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတချို့က ဓာတ်ပုံတွေကို AI နဲ့ ဖန်တီးထားတယ်လို့တောင် ထင်မှတ်ခဲ့ကြတာပါ။ တကယ်တော့ အဲ့ဒီဓာတ်ပုံတွေက AI နဲ့ဖန်တီးထားတာမဟုတ်ဘဲ တကယ်တွေ့ဆုံခဲ့ကြတာပါ။
The Weeknd က ဟောင်ကောင်မှာ After Hours Til Dawn ဖျော်ဖြေရေးခရီးစဉ်ကို Kai Tak Stadium မှာ အောက်တိုဘာ ၂၄၊ ၂၅၊ ၃၀ နဲ့ ၃၁ ရက်တွေမှာ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။
Ref:The Weeknd Had Private Dinner With Tony Leung & Carina Lau In HK; Netizens Thought Pics Were AI-Generated
WL (ရိုးရာလေး)

