၄၂ နှစ်ကြာ သစ္စာရှိမှုအတွက် ရွှေချောင်းနဲ့ ဂုဏ်ပြုခံရသူ

42.jpg

သစ္စာရှိစွာနဲ့ ၄၂ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းကို ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၅၃၀၀၀ ကျော်( မြန်မာငွေ သိန်း ၂၀၀၀ ဝန်းကျင်)တန်ကြေးရှိတဲ့ ရွှေချောင်းတစ်ချောင်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လက ဆော်ဒီလျှပ်စစ်ကုမ္ပဏီ (Al-Fanar )မှာ ၄၂ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံသား ဝန်ထမ်းတစ်ဦးကို ကုမ္ပဏီအမှုဆောင်ချုပ် အယ်လ်မူတလာကိုယ်တိုင် ရွှေချောင်း ဆုချီးမြှင့်ခဲ့တာပါ။ ရွှေချောင်းပေါ်မှာ ” ၄၂ နှစ်ဆိုတဲ့ ” စာသား ရေးထိုးထားပါတယ်။

အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကာလမှာ ကုမ္ပဏီတစ်ခုတည်းအတွက် ၄၂ နှစ်ကြာ အလုပ်လုပ်ပေးခဲ့တယ်ဆိုတာ အံ့အားသင့်စရာပါပဲ။ ငယ်ရွယ်နုပျိုစဉ်ကာလမှာ မိသားစု၊ မွေးရပ်မြေနဲ့ ခွဲခွာပြီး ကုမ္ပဏီအတွက် သစ္စာရှိရှိ အလုပ်လုပ်ပေးခဲ့တဲ့ ဝန်ထမ်းကို ကုမ္ပဏီဘက်က ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခဲ့တာပါ။

Ref: Pakistani expat receives gold reward worth over $50k from Saudi firm

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top