ကလေးငယ် ဘရီလင်းရဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဟာ မွေးကင်းစကလေးငယ်တွေနဲ့ပတ်သက်ပြီး သတိပြုရမယ့်အချက်တွေကို မီးမောင်းထိုးပြနေပါတယ်။
ဘရီလင်းဟာ ကျန်းကျန်းမာမာ မွေးဖွားလာခဲ့ပေမဲ့ ၂ ရက်အကြာမှာ နှုတ်ခမ်းရေယုန် ပေါက်နေသူတစ်ယောက်ရဲ့ အနမ်းခံရလို့ herpes simplex virus (HSV-1) ဗိုင်းရပ်စ် ကူးစက်ခံရပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးတာကြောင့် ဗိုင်းရပ်စ်က ဦးနှောက်ထိ ရောက်သွားခဲ့ပါတယ်။ အဲဒီအတွက် ဘရီလင်းဟာ ဦးနှောက်ဘယ်ဘက်ခြမ်း ၆၀ ရာခိုင်နှုန်း၊ ဦးနှောက်ညာဘက်ခြမ်း ၁၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ပြီး နာတာရှည် အတက်ရောဂါ၊ ဖွံ့ဖြိုးမှု နောက်ကျတဲ့ အခြေအနေတွေ ရင်ဆိုင်ခဲ့ရပါတယ်။
အခုချိန်မှာ အသက် ၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရီလင်းဟာ လမ်းလျှောက်နိုင်ဖို့၊ လူလူချင်း ဆက်သွယ်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပေမဲ့ အမြဲပြုံးနေလေ့ရှိပါတယ်။
ဘရီလင်းရဲ့မိဘတွေကတော့ မွေးကင်းစကနေ ၄ ပတ်အရွယ်ထိ ကလေးငယ်တွေ ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရရင် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကို သတိပေးထားပြီး မွေးကင်းစကလေးငယ်တွေကို နမ်းရှုံ့တာမျိုး မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။
Ref: 8-year-old girl left with brain damage after being kissed on the mouth when she was 2 days old
NZ (ရိုးရာလေး)

