အမေရိကန်ဘက်က ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က ဘယ်အချိန်မဆို ဆွေးနွေးဖို့ အသင့်ရှိ

170403091619-kim-jong-un-donald-trump-split-0403-full-169.jpg

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တွေဆုံဆွေးနွေးဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘယ်အချိန်မဆို ဘယ်ပုံစံမျိုးနဲ့ဖြစ်ဖြစ် ဆွေးနွေးဖို့ အဆင့်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ကျီဂွမ်က ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေတွက် ပြစ်တင်ပြောဆိုခဲ့ကာ ဆွေးနွေးမှုကို ဖျက်သိမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကင်ဂျုံအမ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား ဆွေးနွေးမှုကို ဇွန်လ ၁၂ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ အဲဒီဆွေးနွေးမှုဟာ ရှင်းလင်းမှု မရှိတော့ဘူးလို့ သိရပါတယ်၊

ဆွေးနွေးမှု၊ နျူကလီးယားဖျက်သိမ်းရေးနဲ့ တင်းမာမှုတွေလျော့ချဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန် သမ္မတက ဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း မကြေညာမီ နာရိပိုင်းအလိုမှာ နျူကလီးယား စမ်းသပ်တဲ့နေရာတစ်ခုကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ မြောက်ကိုရီးယားနိုင်ငံအပေါ် ယုံကြည်မှုနည်းတာကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကတိတွေချိုးဖျက်ခဲ့တယ်လို့ အမေရိကန်ဘက်က ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ အမေရိကန်အစိုးရအဖွဲ့ကို တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ မြောက်ကိုရီးယား အကြီးတန်း သံတမန်ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်ပြောဆိုမှုလုပ်ခဲ့ပြီး အဲဒီ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သံသယဖြစ်စရာတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယား အကြီးတန်းသံတမန် ချိုဆွန်ဟီက မြောက်ကိုရီးယားနိုင်ငံဟာ လစ်ဗျားလို အဆုံးသတ်မယ်လို့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန်စ့်ရဲ့ ပြောဆိုချက်တွေက မိုက်မဲ့တဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: BBC “North Korea ready to talk ‘at any time’ with Donald Trump”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top