တရုတ်နိုင်ငံက ကော်ဖီဆိုင်တစ်ခုဟာ ကလေးဆီးနဲ့ ချက်ထားတဲ့ ကြည်ဥပါတဲ့ Americano ကော်ဖီအမျိုးအစားသစ်ကို ရောင်းချနေပါတယ်။ ဒီကော်ဖီကို အာဟာရတန်ဖိုးရှိတယ်လို့ ယုံကြည်ထားတာပါ။
အဲ့ဒီကော်ဖီဆိုင်က တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းပြည်နယ်က ဒုံယန်မြို့မှာ တည်ရှိပြီး မကြာသေးခင်ကမှ ဒီထူးဆန်းတဲ့ကော်ဖီကို စရောင်းချခဲ့တာပါ။ တစ်ခွက်ကို ၂၈ ယွမ် ( ၄ဒေါ်လာ) ကျသင့်ပြီး ရုံးပိတ်ရက်တွေမှာ တစ်နေ့ကို ခွက် ၁၀၀ ကျော်ရောင်းချခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ကော်ဖီဆိုင်က ကလေးဆီးနဲ့ချက်ထားတဲ့ကြက်ဥကို Americano ကော်ဖီရဲ့ထိပ်မှာတင်ထားပေးထားပါတယ်။ ဆိုင်ဝန်ထမ်းတစ်ဦးက ဖောက်သည်တွေဟာ ကြက်ဥကို ကော်ဖီနဲ့ ရောစားလို့ရသလို သပ်သပ်စီးစားလို့ရတယ်လို့ ဆိုထားပါတယ်။
ကလေးဆီးနဲ့ ချက်တဲ့ ကြက်ဥတွေက ဒုံယန်မြို့မှာ အထူးဟင်းလျာဖြစ်ပါတယ်။ အသက် ၁၀ နှစ်အောက် ယောကျ်ားလေးရဲ့ဆီးက နွေဦးရာသီမှာ အိပ်ငိုက်တာနဲ့ နွေရာသီမှာ အပူရှပ်တာကို လူတွေ ရှောင်နိုင်အောင် ကူညီပေးတယ်လို့ ဒေသခံတွေက ယုံကြည်ထားပါတယ်။

The Jinhua Municipal Central Hospital က ကျောက်ကပ်အထူးကုဆရာဝန် ဟွမ်ကျီယန်က “ဆီးက လူရဲ့အညစ်အကြေးဖြစ်ပြီး ကျွန်တော်တို့အတွက် ဘာကောင်းကျိုးမှမရှိဘူး”လို့ ပြောထားပါတယ်။ ဒါပေမဲ့ ဒုံယန်ရဲ့ဒေသထွက်အစားအစာတွေစားတဲ့ဓလေ့ထုံးစံကို လေးစားတယ်လို့ ပြောကြားခဲ့ပါတယ်။
လူမှုကွန်ယက်ပေါ်မှာ ဒီကော်ဖီအကြောင်း လူသိများသွားခဲ့ပြီးနောက် ကော်ဖီဆိုင်က သူတို့ရဲ့မီနူးကနေ ဖယ်ထုတ်လိုက်ပါပြီ။
ကလေးဆီးနဲ့ချက်ထားတဲ့ကြက်ဥသမိုင်းကြောင်းက စုန်မင်းဆက် (၉၆၀-၁၂၇၉) မှာ စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ရှေးခေတ်က ကလေးဆီးကို ရိုးရာတရုတ်ဆေးပညာဆေးညွှန်းတွေမှာလည်း အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ဆရာဝန်တွေကတော့ ကလေးဆီးကို သောက်သုံးဖို့ အကြုံမပြုထားပါဘူး။
Ref: China café offers coffee made with eggs brewed in child urine; considered nutritious delicacy
WL (ရိုးရာလေး)

