ဘတ်စ်ကားတစ်စီးကို ခိုးယူပြီး ချစ်သူကို ကျောင်းလိုက်ပို့ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်

ai.jpg

{AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံ ဖြစ်ပါသည်}

ဂျာမနီနိုင်ငံ ဗီးစ်ဘာဒန်မြို့မှာ ၁၅ နှစ်အရွယ် လူငယ်လေးက ဘတ်စ်ကားတစ်စီးကို ခိုးယူသွားပြီး သူ့ချစ်သူ မိန်းကလေးကို ကျောင်းလိုက်ပို့ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ လူငယ်လေးက ယာဉ်ရပ်နားစခန်းထဲ ဝင်ပြီး ကားသော့ခိုးပြီး ဘတ်စ်ကားကို ယူဆောင်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို စောင့်ကြည့်ကင်မရာမှတ်တမ်းမှာ တွေ့ရပေမဲ့ ယာဉ်မောင်းတစ်ယောက် ဘတ်စ်ကား လာထုတ်သွားတာလို့ပဲ ဝန်ထမ်းတွေက ယူဆခဲ့ကြတာပါ။

နေ့လယ်ပိုင်းကျမှ လွဲမှားနေပြီဆိုတာ သိရှိခဲ့ကြပြီး ရဲကို အကြောင်းကြားခဲ့တာပါ။ ဘတ်စ်ကားမှာ တပ်ဆင်ထားတဲ့ ခြေရာခံစနစ်အရ ဒီဘတ်စ်ကားဟာ ဗီးစ်ဘာဒန်မြို့ကနေ မိုင် ၈၀ ကွာဝေးတဲ့ ကားစ်ရူအယ်မြို့ကို ရောက်နေကြောင်း သိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဘတ်စ်ကားကို ရှာတွေ့ချိန်မှာ ဆယ်ကျော်သက် လူငယ်တစ်ယောက် မောင်းနေတာကို တွေ့လိုက်ရလို့ အံ့အားသင့်သွားခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။

လူငယ်လေးဟာ အသက် ၁၄ နှစ်အရွယ် ချစ်သူကောင်မလေးကို ကျောင်းပို့ပြီး ဗီးစ်ဘာဒန်မြို့ကို ပြန်လာခဲ့ပုံပေါ်ပါတယ်။ ဒီဖြစ်ရပ်မှာ လူငယ်လေးအနေနဲ့ ခိုးယူမှု၊ လိုင်စင်မရှိဘဲ ယာဉ်မောင်းမှုစတဲ့ စွဲချက်အများအပြား ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Ref: 15-Year-Old Teenager Steals Bus, Drives It 80 Miles to Take Girlfriend to School

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top