သူ့ကုမ္ပဏီကို ရောင်းပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးနေသူ

1.11.23-yyl-12.jpg

ကနေဒါနိုင်ငံက စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့ပတ်ဝန်းကျင်က အိမ်ရာမဲ့အတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးပေးခဲ့ပါတယ်။

ကနေဒါနိုင်ငံ နယူးဘရွန်စဝှစ်မြို့မှာ နေထိုင်တဲ့ မာဆယ်လီဘရန်းဟာ လူမှုကွန်ရက် စောင့်ကြည့်ရေးကုမ္ပဏီပိုင်ရှင်ပါ။ သူက အဲဒီကုမ္ပဏီကို အမေရိကန်နိုင်ငံသား ပြိုင်ဘက်စီးပွားရေးလုပ်ငန်းရှင်ထံ ရောင်းချခဲ့ပြီး ရရှိလာတဲ့ အမြတ်အစွန်းတွေနဲ့ 12 Neighbours စီမံကိန်းကို ဖော်ဆောင်နေတာပါ။

သူဟာ အမေရိကန်ဒေါ်လာ ၄ သန်း ရင်းနှီးမြှုပ်နှံပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ် ၉၉ လုံး တည်ဆောက်နေတာပါ။ လက်ရှိအချိန်မှာတော့ ၄ ရက်ကို အိမ်ငယ်တစ်လုံးနှုန်း ဆောက်လုပ်လျက်ရှိပြီး ၄ ပုံ၊ ၃ ပုံအထိ ပြီးစီးနေပါပြီ။ မာဆယ်လီဘရန့်ရဲ့ စီမံကိန်းကို အားပေးထောက်ခံကြတဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တွေက ငွေကြေး ထုတ်ပေးခဲ့တာကြောင့် ရန်ပုံငွေ ဒေါ်လာ ၁၂ သန်းအထိ ရရှိခဲ့ပါတယ်။

သူဟာ 12 Neighbours အရပ်မှာ နေထိုင်သူ အိမ်ရာမဲ့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပါ စီစဉ်ထားပြီး ကော်ဖီဆိုင်နဲ့ အင်္ကျီတံဆိပ်ရိုက် လုပ်ငန်းတွေ တည်ထောင်ပေးဖို့ ရှိနေပါတယ်။

Ref: Millionaire Builds 99 Tiny Homes to Cut Homelessness in His Community–He Even Provides Jobs On Site for Them

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top