အခမ်းအနား Workshop ပုံရိပ်တွေ ထပ်မံ လိုအပ်ပါက ဖော်ပြပါ လင့်ကနေ Link တစ်ဆင့် Download ရယူနိုင်ပါတယ်။
လူငယ်တွေအတွက် အကျိုးပြုရှေးရှုကာ နည်းပညာတွေကို ပိုမိုတိုးတက်လာအောင် စီမံဆောင်ရွက်နေတဲ့ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က မတ်လ ၂၂ ရက်နေ့က Barica Café မှာ Content creation ကို စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက် “Enlarge Your Potential” အမည်ရ Creative Workshop တစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါ Creative Workshop မှာဆိုရင် Technology နယ်ပယ် နဲ့ Content Creation လောကထဲ နာမည်ကျော်ကြားတဲ့ Tech and Content Expert Technity ၊ Content Creation အပြင် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုတွေမှာ နာမည်ကျော်ကြားတဲ့ Vlog and Photography Expert Zack Vlogs ၊ ဖန်တီးမှုလက်ရာတွေကို အနုပညာဆန်ဆန် အသေးစိတ် ဖန်တီးနိုင်မှုကြောင့် နာမည်ကျော်ကြားတဲ့ Creative Art Expert Doodle – Thuta တို့က Guest Speaker တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။


သက်ဆိုင်ရာ နယ်ပယ်မှာ နာမည်ကျော်ကြားတဲ့အပြင် လူကြီးလူငယ်မရွေး ချစ်ခင်အားပေးတဲ့ Guest Speaker ၃ ယောက်ဖြစ်တဲ့ Technity ၊ Zack Vlogs နဲ့ Doodle – Thuta တို့က ၎င်းတို့ ဖြတ်ကျော်လာခဲ့ရတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့အတူ သူတို့ကျော်လွှားခဲ့တဲ့ နည်းလမ်းတွေကို မျှဝေခဲ့ကြပါတယ်။ ဒါတင်သာမက ပွဲကို လာရောက်ကြတဲ့ ပါဝင်သူတွေကလဲ မိမိတို့ သိလိုသမျှအကြောင်းအရာတွေကို Guest Speaker တွေနဲ့အတူ ဆွေးနွေးတိုင်ပင် အဖြေရှာခဲ့ကြပါတယ်။


ပွဲအတွင်း Doodle – Thuta က ကော်ဖီမှုန့် ကို အသုံးပြုပြီး သူ့ရဲ့ doodle လက်ရာကို ပရိသတ်တွေထံ တိုက်ရိုက် ကြည့်ရှုနိုင်အောင် လက်တွေ့ဖန်တီးပြခဲ့တဲ့အပြင် Zack Vlogs ကလဲ Doodle – Thuta ဖန်တီးနေတဲ့ လက်ရာကို OPPO Reno15 Pro Max 5G နဲ့အတူ မှတ်တမ်းတင်ဖမ်းယူထားပြီး အဆိုပါ ဗီဒီယိုကို လက်တွေ့တည်းဖြတ်ကာ ဗီဒီယိုတစ်ပုဒ်ကို အချိန်တိုအတွင်း ဘယ်လို ဖန်တီးရမလဲဆိုတဲ့ နည်းလမ်းရဲ့အဖြေကို OPPO Reno15 Pro Max 5G နဲ့အတူ အဖြေရှာပြီး ရလဒ်ကိုလဲ ပရိသတ်တွေကို တိုက်ရိုက်ပြသခဲ့ပါတယ်။ ဒါတင်သာမက Technity ကလဲ OPPO Reno15 Series 5G ဟာ Content Creation ကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် တကယ်ကို အသုံးဝင်တဲ့ ထုတ်ကုန်ဖြစ်ကြောင်း နည်းပညာကျကျ ရှင်းပြခဲ့ပါတယ်။ ကြွရောက်လာတဲ့ ပရိသတ်တွေကလဲ OPPO Reno15 Series 5G နဲ့အတူ လက်တွေ့ ဓာတ်ပုံ နဲ့ ဗီဒီယိုများရိုက်ကူးခဲ့ရုံသာမက အပိတ်အစီအစဉ်အနေနဲ့ အဖွဲ့ခွဲကာ OPPO Reno15 Series 5G နဲ့အတူ ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လူငယ်ဆန်ဆန် ခေတ်ဆန်ဆန် အလှ Selfie ပုံတွေကို မြင်ကွင်းကျယ်ကျယ် အရည်အသွေးကောင်းကောင်း ဖန်တီးပေးနိုင်မဲ့ 0.6x Ultrawide Selfie နဲ့အတူ အဖွဲ့လိုက် ဓာတ်ပုံတွေကို ဖန်တီးခဲ့ကြပြီး အကောင်းဆုံးနဲ့ တီထွင်ဖန်တီးမှု အကောင်းဆုံး ပုံဖော်နိုင်တဲ့အဖွဲ့ကို OPPO Myanmar AED က ဆုလက်ဆောင်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အားလုံး အတူ ပျော်ပျော်ပါးပါး ဓာတ်ပုံတွေရိုက်ကူးကြပြီး “Enlarge Your Potential” Creative Workshop ကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့ကြပါတယ်။ စတိုင်ကျပြီး လှပတဲ့ Photospot တွေနဲ့ ဓာတ်ပုံရိုက်ချင်တဲ့ ဖန်တီးသူတွေအတွက်လဲ OPPO Myanmar AED က Blue Line Café ၊ Coffueen Café ၊ Barica Café နဲ့ Otto Café တို့မှာ သွားရောက်ကာ လူငယ်ဆန်ဆန်ကြွရွလှပတဲ့ ပုံရိပ်တွေကို OPPO Reno15 Series 5G နဲ့အတူ ဓာတ်ပုံရိုက်ရင်း ဆုလက်ဆောင်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။

လူငယ်တွေအတွက် အမြဲအလေးအနက်ထားရှေးရှုပြီး ပိုမိုတိုးတက်ခေတ်ဆန်တဲ့ နည်းပညာတွေကို ဖန်တီးနေတဲ့ OPPO နဲ့ပတ်သက်တဲ့အကြောင်းတွေကို သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။


#OPPO #EnlargeYourPotential #OPPOReno15Series5G #OPPOMyanmar
NZ (ရိုးရာလေး)

