ဂျပန်ဘုရားကျောင်းတစ်ခုမှာ တရားဒေသနာတွေ ဟောကြားနေတဲ့ AI ဘုန်းကြီး

ai.jpg

ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ရှိ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ Kodai-ji ဘုရားကျောင်းမှာ AI နည်းပညာနဲ့ လုပ်ဆောင်နေတဲ့ စက်ရုပ်ဘုန်းကြီးဟာ ရှေးဟောင်းအတွေးအခေါ်တွေနဲ့ ခေတ်မီနည်းပညာတွေကို ရောနှောကာ ဗုဒ္ဓတရားဒေသနာတွေကို ဟောကြားနေပါတယ်။ မင်ဒါ (Mindar) ဆိုတဲ့ AI ဘုန်းကြီးကို ဘုရားကျောင်းရဲ့ Kyoka Hall မှာ ထားရှိထားပါတဘ်။

AI ဘုန်းကြီးက တရားဒေသနာတွေဟောကြားတာ၊ ဗုဒ္ဓကျမ်းစာတွေကို အခြေခံထားတဲ့ ဝိညာဉ်ရေးရာမေးခွန်းတွေကို ဖြေကြားတာနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ဆောင်ရွက်တာတွေလုပ်ဆောင်ပါတယ်။ တရားဒေသနာတွေကို အများပြည်သူတွေအတွက် ဖွင့်လှစ်ထားပါတယ်။ အမြဲလိုလို ပိတ်ရက်တွေမှာ ဟောကြားပါတယ်။

မင်ဒါ AI ဘုန်းကြီးက Kodai-Ji Temple နဲ့ အိုဆာကာတက္ကသိုလ်က စက်ရုပ်ကျွမ်းကျင်ပညာရှင်ပါမောက္ခ ဟိရိုရှိ အီရှိဂူရိုတို့ကြားပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ မင်ဒါ ဘုန်းကြီးက ဂျပန်လို တရားဟောကြားပေမဲ့ အင်္ဂလိပ်နဲ့ တရုတ်ဘာသာဖြင့် ဘာသာပြန်ဆိုချက်တွေကို ပြသပေးထားပါတယ်။ မင်ဒါ AI ဘုန်းကြီးကို ၂၀၁၉ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။

ဖေဖော်ဝါရီလက Shoren-in ဘုရားကျောင်းမှာလည်း သုတေသနပညာရှင်တွေက မင်ဒါနဲ့အလားတူ “Buddharoid”လို့ နာမည်ပြောင်ပေးထားတဲ့ AI ဘုန်းကြီးကို မိတ်ဆက်ပေးထားတယ်လို့ သိရပါတယ်။

Ref: This temple in Japan has an AI monk, and yes, it’s giving sermons

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top