ထူးခြားတဲ့ဂိမ်းကစားနည်းနဲ့ ဝန်ထမ်းတွေကို အန်ပေါင်းပေးခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်

13.2.24-yyl-10.jpg

တရုတ်နှစ်သစ်ကူးမှာ မလေးရှားနိုင်ငံမှ သူဌေးတစ်ယောက်က သူ့ရဲ့ဝန်ထမ်းတွေကို ထူးခြားတဲ့အစီအစဉ်နဲ့ အန်ပေါင်း(Angpow) ပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူးရောက်ရင် ဆွေမျိုးအချင်းချင်း ဒါမှမဟုတ် အလုပ်ရှင်ကနေ သူ့ဝန်ထမ်းတွေကို အနီရောင်စာအိတ်ထဲမှာ ငွေထည့်ပေးလေ့ ရှိပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အခြေစိုက် MNJ Kitchen မီးဖိုချောင်သုံးပစ္စည်း ရောင်းဝယ်၊ တပ်ဆင်ရေးကုမ္ပဏီပိုင်ရှင် မိုက်ကယ်ကတော့ စားပွဲပေါ်မှာ ရန်းဂစ်ငွေ ၆၀၀၀ တန်ဖိုးရှိတဲ့ ငွေစက္ကူတွေ ( မြန်မာငွေ ၄၁ သိန်းဝန်းကျင် ရှိ)ကို ဖြန့်ခင်းထားပြီး ဝန်ထမ်းတွေကို ဇလုံနဲ့ ယောင်းမပေးပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီဟာ ယောင်းမကိုသုံးပြီး စားပွဲပေါ်မှ ငွေစက္ကူတွေကို ဇလုံထဲ ကော်ထည့်ခွင့် တစ်ကြိမ်စီ ရပါတယ်။ ဒါပေမဲ့ မျက်စိကို စည်းပြီးမှ ကော်ထည့်ခွင့် ပေးတာပါ။

မိုက်ကယ်ဟာ မနှစ်ကတည်းက အခုလို ပျော်ရွှင်စရာ ဂိမ်းကစားနည်းနဲ့ အန်ပေါင်းပေးခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ တရုတ်နှစ်သစ်ကူး ညစာစားပွဲမတိုင်ခင် ဝန်ထမ်းတွေကို အန်ပေါင်းပေးတဲ့ ဂိမ်းကစားနည်းအစီအစဉ် လုပ်ခဲ့တာဖြစ်ပြီး လစာအပြည့် ခွင့်ရက် ၂ ရက်လည်း ပေးခဲ့ပါသေးတယ်။

Ref: M’sian Boss Puts RM6K on Table for CNY Game & Allows Staff to “Scoop” as Much Money as They Can

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top