နယ်သာလန်နိုင်ငံ ရထားအပြင်ဒီဇိုင်းပြိုင်ပွဲမှာ ၈ နှစ်အရွယ် မိန်းကလေးငယ် ရေးဆွဲတဲ့ ပန်းချီက ရွေးချယ်ခံခဲ့ရပါတယ်။ နယ်သာလန်နိုင်ငံပိုင် ရထားလိုင်း NS က ရထားတစ်စင်းရဲ့ အပြင်ဒီဇိုင်းအဖြစ် အသုံးပြုဖို့ နိုင်ငံတစ်ဝန်းက ကလေးငယ်တွေကို ပြိုင်ပွဲလုပ်ပေးပြီး ရွေးချယ်ခဲ့တာပါ။
ပြိုင်ပွဲဝင် ၁၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဖီလိန်းလို့ အမည်ရတဲ့ မိန်းကလေးငယ်ရဲ့ Sweet Monster Train ပန်းချီ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖီလိန်းဟာ သရုပ်ဖော်ပုံ ရေးဆွဲသူ ဂျစ်ပီယက်နဲ့အတူ ပူးပေါင်းပြီး သူ့ရဲ့ အကြမ်းထည်ပန်းချီကားကို ရထားဒီဇိုင်းအဖြစ် ပြောင်းလဲပုံဖော်ကာ ပြိုင်ပွဲဝင်ခဲ့တာပါ။ ရထားဖွင့်ပွဲမှာတော့ ဖီလိန်းက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခွင့် ရရှိခဲ့ပါတယ်။
Ref: 8-year-old’s ‘Sweet Monsters’ Drawing Chosen as Winning Design to Decorate Real Train
NZ (ရိုးရာလေး)

