အမျိုးသမီးတွေကို ဆာဘရီမာလာဘုရားကျောင်းထဲ ဝင်ခွင့်ပေးတဲ့ အမိန့်ချမှတ်မှုအပေါ် အထက်တရားရုံးချုပ် ပြန်လည်သုံးသပ်မယ်

yyl-014-6.jpg

ဓမ္မတာလာတဲ့အရွယ် အမျိုးသမီးတွေကို ဆာဘရီမာလာ ဟိန္ဒူဘုရားကျောင်းထဲ ဝင်ခွင့်ပြုတဲ့ သမိုင်းဝင်အမိန့်ချမှတ်မှုကို အိန္ဒိယနိုင်ငံ အထက်တရားရုံးချုပ်က ပြန်လည်သုံးသပ်ဖို့ သဘောတူညီခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာရှိတဲ့ ဆာဘရီမာလာဘုရားကျောင်းဟာ အသက် ၁၀ နှစ်ကနေ အသက် ၅၀ ကြားအရွယ်ရှိတဲ့ အမျိုးသမီးတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလို ပိတ်ပင်တာ ခွဲခြားဆက်ဆံရာရောက်တယ်လို့ အထက်တရားရုံးချုပ်ရဲ့ တရားသူကြီး ၅ ဦးပါဝင်တဲ့အဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီအမိန့်ကြောင့် ကီရာလာပြည်နယ်မှာ ဆန္ဒပြပွဲတွေ ကြီးအကျယ်ဖြစ်ပွားခဲ့သလို ဘုရားကျောင်းထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုးတွေတောင် ရှိခဲ့ပါတယ်။

ဟိန္ဒူဘာသာဝင်တွေဟာ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေကို သန့်ရှင်းမှုမရှိဘူးလို့ သတ်မှတ်ကြပြီး သူတို့ရဲ့ ဘာသာရေး အခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲခွင့် ပိတ်ပင်တတ်ပါတယ်။ ဘာသာတရားကို သက်ဝင်ယုံကြည်လွန်းတဲ့ အမျိုးသမီးတွေကတော့ ဓမ္မတာလာနေချိန်မှာ ဘုရားကျောင်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ရှောင်ရှားကြလေ့ရှိပါတယ်။ ဆာဘရီမာလာဘုရားကျောင်းထဲ ဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အမျိုးသမီးတွေကတော့ အထက်တရားရုံးချုပ်ရဲ့ အခုကြေညာချက်ကို ဒေါသထွက်နေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top