Super Junior ဖျော်ဖြေပွဲရှိ ယာယီအတားအဆီးပြိုကျ၍ အမြင့်မှ ပရိသတ်တွေပြုတ်ကျပြီး (၃)ဦး ထိခိုက်ဒဏ်ရာရ

super.jpg

ဧပြီ ၅ ရက်နေ့က ဆိုးလ်မြို့၊ KSPO Dome မှာ ပြုလုပ်ခဲ့တဲ့ ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ Super Junior ရဲ့ဖျော်ဖြေပွဲမှာ ယာယီအတားအဆီးပြိုကျ၍ ပရိသတ်တွေ အမြင့်မှပြုတ်ကျပြီး (၃)ဦး။ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Super Junior အဖွဲ့က Too Many Beautiful Girls သီချင်းကို ဖျော်ဖြေနေစဉ် အဖွဲ့ဝင် ရျောဝုခ်က ပရိသတ်ထိုင်ခုံမှာရှိနေတဲ့ ပရိသတ်တွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့တာပါ။ Elf (Super Juniorရဲ့ Fandom Name) က ရျောဝုခ်ရဲ့လက်ကို လှမ်းကိုင်တဲ့အချိန် ယာယီအတားအဆီးက ရုတ်တရက်ပြိုကျသွားခဲ့ပြီး အမြင့်ကနေ ပရိသတ်တွေ ပြုတ်ကျခဲ့ပါတယ်။

ရျောဝုခ်လည်း ထိတ်လန့်သွားပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အဖွဲ့ဝင် စီဝွန်ကလည်း အဲ့ဒီနေရာဆီ ရောက်လာခဲ့ပြီး ပရိသတ်တွေ အဆင်ပြေရဲ့လား မေးမြန်းခဲ့ပါတယ်။

ဧပြီ ၆ ရက်နေ့မှာတော့ Super Junior အဖွဲ့ရဲ့အေဂျင်စီ SM Entertainment က တောင်းပန်စာထုတ်ပြန်ခဲ့ပါတယ်။ “ဖျော်ဖြေပွဲပြီးခါးနီးမှာ ဘေးကင်းရေးအတားအဆီး ပြိုကျသွားခဲ့ပြီး ပရိသတ် ၃ ဦး ပြုတ်ကျကာ ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ခဲ့တဲ့သူတွေကို ချက်ချင်းပဲ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သူတို့တွေ လိုအပ်တဲ့စစ်ဆေးမှုတွေ၊ ကုသမှုတွေခံယူခဲ့ရပါတယ်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက သူတို့တွေကို ကြွက်သားဒဏ်ရာရရှိမှုတွေအတွက် နှစ်ပတ်လောက် အနားယူဖို့နဲ့ ကုသမှုခံယူဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲံသူတွေနဲ့ သူတို့ရဲ့မိသားစုကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ သူတို့ရဲ့ကုသမှုအတွက် အပြည့်အဝပံ့ပိုးပေးမှာဖြစ်ပြီး သူတို့ လုံးဝသက်သာကောင်းမွန်လာဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီမတော်တဆမှုကို သေချာပြန်လည်သုံးသပ်ပြီး အနာဂတ်မှာ ဒီလိုဖြစ်ရပ်မျိုးတွေမဖြစ်အောင် ဘေးကင်းရေးအစီအမံတွေ လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေထဲက တစ်ဦးကလည်း “ကျွန်မတို့ ပြုတ်ကျတဲ့အချိန်မှာ ရျောဝုခ်နဲ့ စီဝွန်တို့က ချက်ချင်း ရောက်လာခဲ့ပါတယ်။ ကျွန်မတို့ကို ဆေးရုံ ချက်ချင်းပေးပေးခဲ့ပြီး ရျောဝုခ်နဲ့ အခြားအဖွဲ့ဝင်တွေလည်း ဆေးရုံကိုလာပြီး ကျွန်မတို့ကို လာမေးခဲ့ပါတယ်။ ကျွန်မတို့ကို အခြားဆေးရုံပြောင်းပေးပြီးနောက် သူတို့ထွက်သွားမယ်ထင်ခဲ့တာပါ။ ဒါပေမဲ့ ရျောဝုခ်က ကျွန်မတို့အတွက် အမြဲရှိနေခဲ့ပါတယ်။ သူတို့က အရမ်းကြင်နာတတ်တဲ့သူတွေပါ။ Fandom ကနေ ကျွန်မ ထွက်မှာမဟုတ်ပါဘူး။ ပွဲကျင်းပတဲ့နေရာက ပြဿနာဖြစ်နေတာပါ။ Super Junior အဖွဲ့ဝင်တွေက ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်”လို့ ပို့စ်တင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းအမှားတွေမလုပ်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Super Junior အဖွဲ့ခေါင်းဆောင်ကလည်း YouTube Live Stream မှာ “Elf တို့ အပြည့်အဝပြန်ကောင်းသွားဖို့ ကျွန်တော်တို့ အကောင်းဆုံးကူညီသွားမှာပါ။ ကျွန်တော်တို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဖျော်ဖြေပွဲအဆုံးအထိ ပျော်ရွှင်မှုပေးခဲ့သင့်တာပါ။ အခုလိုဖြစ်သွားတဲ့အတွက် အတော်လေးစိတ်မကောင်ဖြစ်ရပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Ref: Fans fall from height at Super Junior’s Seoul concert after barricade breaks

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top