အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က ဝေါစထရိရဲ့ထိပ်တန်းခေါင်းဆောင်တွေကို ခေါ်ယူပြီး အရေးပေါ်အစည်းအဝေးတစ်ခု လုပ်ခဲ့တယ်။ ၂၀၂၆ ခုနှစ် ဧပြီလအစောပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ Mythos AI မော်ဒယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကြောင့် ကြုံလာရနိုင်တဲ့ အခြေအနေတွေကို ကြိုတင်သတိပေးခဲ့တာလို့ အတွင်းသတင်းတွေက ဆိုပါတယ်။
Anthropic ကုမ္ပဏီက ၂၀၂၆ ခုနှစ် ပထမပတ်အတွင်းမှာ Mythos AI ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ရှုပ်ထွေး ပွေလီတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ လူသားတစ်ယောက်လို စဉ်းစားဆင်ခြင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
Mythos AI ကို အပြီးသတ် လုပ်ဆောင်ရမယ့်တာဝန်တစ်ခု ခိုင်းစေလိုက်ရုံနဲ့ လိုအပ်တဲ့အဆင့်တွေကို သူ့ဘာသာ စီစဉ်ဆောင်ရွက်နိုင်တဲ့ စွမ်းရည် ရှိပါတယ်။
ယခင် AI မော်ဒယ်တွေထက် အဆပေါင်းများစွာ မြန်ဆန်ပြီး ကုဒ်ရေးတာ(Coding) နဲ့ တွက်ချက်မှုပိုင်းတွေမှာ အမှားအယွင်း မရှိသလောက် နည်းပါးပါတယ်။
Mythos ရဲ့ စွမ်းဆောင်ရည်ကို အသုံးချပြီး ဘဏ်စနစ်တွေ၊ စတော့ရှယ်ယာ ဈေးကွက်တွေကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် ငွေကြေးလိမ်လည်မှုတွေကို အချိန်တိုအတွင်း အကြီးအကျယ် လုပ်ဆောင်လာနိုင်တာကို စိုးရိမ်လျက်ရှိပါတယ်။
ဒါ့အပြင် ခွဲခြားရခက်တဲ့ အချက်အလက်မှားတွေနဲ့ အသံ/ဗီဒီယိုအတုတွေကို ဖန်တီးပြီး ဈေးကွက်ကို ကမောက်ကမ ဖြစ်အောင် လုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေးစနစ်မှာ ရှိတဲ့ အားနည်းချက် (Vulnerability) တွေကို Mythos က အလွန်မြန်ဆန်စွာ ရှာဖွေဖော်ထုတ်နိုင်တဲ့အတွက် ဆိုင်ဘာတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ Anthropic ကုမ္ပဏီကတော့ ဘေးအန္တရာယ်ရှိတဲ့ ခိုင်းစေမှုတွေကို ငြင်းပယ်ဖို့ Mythos ကို လေ့ကျင့်ပေးထားတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ AI ရဲ့ စွမ်းရည်က ထိန်းချုပ်မှုထက် ကျော်လွန်သွားမှာကို စိုးရိမ်နေကြတာပါ။
Ref: Mythos AI
NZ (ရိုးရာလေး)

