COVID-19 အတွက် hydroxychloroquine ဆေး အသုံးပြုခွင့်ပေးထားတာကို FDA ပြန်ရုပ်သိမ်း

16-6-2020-yyl-003.jpg

ငှက်ဖျားရောဂါကုသတဲ့ hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုသဖို့အတွက် အရေးပေါ်အသုံးပြုခွင့်ပေးထားတာကို အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအာဏာပိုင်အဖွဲ့(FDA)က ပြန်ရုပ်သိမ်းခဲ့ပါတယ်။ စမ်းသပ်အသုံးပြုမှု သက်သေအထောက်အထားသစ်အရ hydroxychloroquine ဆေးက ဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ အာနိသင် ထုတ်ပေးတယ်ဆိုတာ ယုံကြည်စရာမရှိဘူးလို့ FDA က ပြောပါတယ်။ COVID-19 ရောဂါ ကာကွယ်နိုင်ဖို့ hydroxychloroquine ဆေး သောက်နေတယ်လို့ ပြောခဲ့ဖူးတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့စကားတွေကို ပြန်ပြီး ကာကွယ်သွားခဲ့ပါတယ်။

FDA ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ” ကျွန်တော်လည်း အဲဒီဆေးသောက်ခဲ့တာပဲ။ အဆင်ပြေသလို ခံစားရပါတယ်။ ကျွန်တော် ဆေးသောက်တာ ၂ ပတ်ကြာတယ်။ ဒါနဲ့ပတ်သက်ပြီး စောဒကတက်စရာမရှိပါဘူး။ အခု ကျွန်တော် ဒီမှာရှိနေတာပဲ။ ကျွန်တော်တို့တွေ ရှိနေသေးတာပဲ”လို့ ပြောခဲ့ပါတယ်။ hydroxychloroquine ဆေးက သူတို့အသက်ကို ကယ်တင်ခဲ့တယ်လို့ လူတော်တော်များများက သူ့ကို ပြောခဲ့ဖူးကြောင်း ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ FDA က ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အရေးပေါ်အခြေအနေမျိုးမှာ hydroxychloroquine ဆေး အသုံးပြုနိုင်တယ်လို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ hydroxychloroquine ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာမှာ ထိရောက်မှုမရှိသလို ရောဂါကူးစက်မခံရအောင် ကာကွယ်ပေးနိုင်ခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ FDA က ဆုံးဖြတ်ခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top