The Fast and the Furious သရုပ်ဆောင်တွေက ရုပ်ရှင် ၂၅ နှစ်ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ Cannes ရုပ်ရှင်ပွဲတော်ကို မိသားစုသဖွယ်တက်ရောက်လာခဲ့ပါတယ်။ မေလ ၁၃ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာ the Fast and the Furious ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့မင်းသား ဗင်ဒီဇယ်၊ မင်းသမီး ဂျော်ဒါနာ ဘရူးစတာ၊ မင်းသမီး မီရှဲလ် ရိုဒရီဂွက်ဇ်တို့ဟာ ရုပ်ရှင် ၂၅ နှစ်ပြည့်နှစ်ပတ်လည်အနေနဲ့ ရုပ်ရှင်အထူးပြပွဲအတွက် တက်ရောက်ခဲ့ကြတာပါ။

ပထမဆုံး the Fast and the Furious ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားပေါလ်ဝေါ်လ်ကာရဲ့သမီးဖြစ်သူ မဲဒို ဝေါ်လ်ကာကလည်း ဗင်ဒီဇယ်တို့နဲ့အတူပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဗင်ဒီဇယ်ဟာ မဲဒို ဝေါ်လ်ကာဘက်လှည့်ပြီး ပေါလ်ဝေါ်လ်ကာအတွက် စိတ်ခံစားချက်အပြည့်နဲ့ အောက်မေ့တသဖွယ်စကားဆိုခဲ့ပါတယ်။ “ဘဝမှာ ပေါလ်လို အစ်ကိုတစ်ယောက်ရှိဖို့ ကျွန်တော် ဆုတောင်းခဲ့တယ်။ ဒီရွှေရောင်ဆံပင်နဲ့ မျက်လုံးပြာပြာနဲ့လူက ကျွန်တော့်အစ်ကိုဖြစ်လာမယ်ဆိုတာ ဇာတ်ညွှန်းမှာ အစကတည်းက မပါခဲ့ပါဘူး”လို့ သူက ပြောပါတယ်။မဲဒို ဝေါ်လ်ကာကို ပွေ့ဖက်ပြီးတော့ သူ့ရဲ့စကားကို အဆုံးသတ်ပြောကြားသွားခဲ့ပါတယ်။

ပရိသတ်တွေဟာ the Fast and the Furious ဇာတ်ကားအသစ်တွေထွက်ရှိဖို့ သူတို့လုပ်ဆောင်နေရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့လည်း ဗင်ဒီဇယ်က ပြောသွားခဲ့ပါသေးတယ်။
The Fast and the Furious ဇာတ်ကားအသစ် Fast Forever က ၂၀၂၈ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref: Paul Walker’s daughter Meadow joins Vin Diesel, ‘Fast & Furious’ cast at Cannes
WL (ရိုးရာလေး)

