မိမိရဲ့ ကျန်းမာရေးစနစ်ကို အမြဲတမ်းစစ်ဆေးပေးနေမဲ့ အတိုးတက်ဆုံးစနစ်နဲ့ နောက်ဆုံးပေါ် နည်းပညာပါရှိတဲ့ အပါးလွှာဆုံး ဒီဇိုင်းနဲ့ OPPO Watch S

watch1.webp

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သုံးစွဲသူတွေကို အမှန်တကယ်အကျိုးပြုနိုင်မဲ့ ခေတ်မီ နည်းပညာတွေနဲ့ ထိတွေ့ခွင့်ပေးလေ့ရှိတဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်တဲ့ ပါးလွှာ အပေါ့ပါးဆုံး Stainless Steel ဒီဇိုင်းနဲ့အတူ သက်သောင့်သက်သာဖြစ်ရုံသာမက ဖက်ရှင်အကျဆုံး စတိုင်နဲ့ နေ့စဉ်ဝတ်ဆင်လို့ရမဲ့ OPPO Watch S ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ခန့်ညားတောက်ပနေမဲ့ 3000 Nits Ultra-bright Display နဲ့ အတူ နာမည်ကျော် အားကစား နည်းလမ်းတွေ အထိ နေ့စဉ်စစ်ဆေးထောက်လှမ်းနေနိုင်မဲ့ ခေတ်မီနည်းပညာတွေပါရှိလာမဲ့ OPPO Watch S က ကျန်းမာ ကျစ်လျစ်လှပမှုအတွက် တကယ်ကို အားကောင်းတဲ့ စွမ်းအားပြင်း စက်ပစ္စည်းဖြစ်သလို နှလုံးကျန်းမာရေးကို စစ်ဆေးနိုင်မဲ့ ECG-based health analysis ၊ စက္ကန့် ၆၀ အတွင်း အမြန်ဆုံး ကြည့်ရှုနိုင်မဲ့ မိမိရဲ့ အလုံးစုံ ကျန်းမာရေးအခြေအနေ ၊ မိမိရဲ့ အိပ်ချိန်စနစ်ကို ပြန်လည်စစ်ဆေးပေးမဲ့ ခေတ်မီ နည်းပညာ နဲ့ ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာမှုရှိမရှိ အစရှိတဲ့အခြေအနေတွေကို OPPO Watch S ပတ်ထားရုံနဲ့ နာရီရဲ့ မျက်နှာပြင်မှ တစ်ဆင့်ဖော်ပြနေမှာဖြစ်ပါတယ်။

ပေါ့ပါး ပါးလွှာလွန်းတဲ့ ဒီဇိုင်းနဲ့ သုံးစွဲသူတွေအတွက် ဖက်ရှင်ကျနေစေမဲ့ OPPO Watch S

OPPO Watch S ရဲ့ ပေါ့ပါး ပါးလွှာမှု၊ ကျစ်လျစ်မှု နဲ့ အဆင့်မြင့် PREMIUM ဆန်ဆန် တည်ဆောက် ပုံဖော်ထားမှုကြောင့် မနက်မှ ည အထိ ဝတ်ဆင်ရင်တောင် သက်သောင့်သက်သာ ဖြစ်ဖြစ်နဲ့ ဖက်ရှင်ကျတဲ့ ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။ OPPO Watch S ကို ပတ်ထားရင်တောင် နေရာသိပ်မယူဘဲ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ခံစားချက်ကို ခံစားရစေမဲ့၊ နာရီအတွင်း မလိုအပ်တဲ့ နေရာကို မယူဘဲ နည်းပညာ စုံလင်အောင် စီစဉ်ပေးနိုင်မဲ့ Component-stacking Technology ကြောင့် ပေါ့ပါးကျစ်လျစ် ပါးလွှာလှတဲ့ OPPO Watch S ဟာ ၈.၉ စတုရန်းမီလီမီတာ အထူနဲ့ ၃၅ ဂရမ်အလေးချိန်အထိပဲ ရှိမှာဖြစ်ပါတယ်။ ဒီလိုပေါ့ပါးကျစ်လစ်မှုကြောင့် နေ့စဉ် လေ့ကျင့်ခန်း လုပ်နေရင်း ချွေးထွက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်နေချိန်မှာပဲဖြစ်ဖြစ် ဝတ်ဆင်ထားမယ်ဆိုရင်လဲ သုံးစွဲသူတွေကို သက်သောင့်သက်သာအဖြစ်ဆုံး ခံစားရစေမှာဖြစ်ပါတယ်။ ပေါ့ပါးပြီး နေ့စဉ်အတွက် သက်သောင့်သက်သာဖြစ်စေမဲ့ ဒီဇိုင်းကို အခြေခံကာ နာရီလက်ပတ်ကြိုးအရောင်ကို မတူညီကွဲပြားတဲ့အရောင် ၂ မျိုးနဲ့အတူ ပုံဖော်လာမှာဖြစ်ပါတယ်။ ရွေးချယ်စရာအနေနဲ့ Fluoroelastomer Strap ကို လက်ကောက်ဝတ်ရဲ့ အကွေးအတိုင်း ပုံဖော် ဖန်တီးထားတာကြောင့် နူးညံ့သက်သောင့်သက်သာနဲ့ ဝတ်ဆင်နိုင်မဲ့ Phantom Black နဲ့ Air Silver ဆိုပြီး အရောင် (၂) မျိုးအဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။

ခေတ်မီဆန်းသစ်တဲ့ အရောင်ဒီဇိုင်းတွေနဲ့အတူ စိတ်ကြိုက်ပြင်ဆင်နိုင်မဲ့ လှပပြီး လိုက်ဖက်ညီတဲ့ Watch Face ရွေးချယ်စရာတွေလဲ ပါဝင်လာပါတယ်။ OPPO Watch S မှာ အသုံးပြုသူတွေအတွက် စိတ်ခံစားချက်၊ Vibe နဲ့ ဝတ်စားဆင်ယင်မှုအလိုက် လိုက်ဖက်စွာ အသုံးပြုနိုင်မဲ့ Custom Watch Faces (၃၅၀) ကျော်နဲ့ Widgets မျိုးစုံကို ထည့်သွင်းပေးထားပါတယ်။ ဒီလို စတိုင်ကျမှုကို ပိုမိုထင်ရှားစေတဲ့အရာကတော့ ၁.၄၆ လက်မသာ ရှိပြီး Peak Brightness 3000 Nits နဲ့အတူ ကြည်လင်ပြတ်သားလွန်းလှတဲ့ AMOLED Ultra-bright Display၊ 75% Screen-to-body Ratio နဲ့ ၂.၈ မီလီမီတာအထိ ပါးလွှာကျဉ်းမြောင်းလှမဲ့ Ultra-narrow Bezel တို့ပါဝင်တဲ့ အမြင်အာရုံပိုင်းဆိုင်ရာ အတွေ့အကြုံကို အကန့်အသတ်မရှိ ပေးစွမ်းနိုင်မဲ့ မျက်နှာပြင်ဖြစ်ပါတယ်။

မိမိရဲ့ ကျန်းမာရေး၊ အားကစားနဲ့ Fitness Goals တွေကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်မဲ့ အဆင့်မြင့် Tracking စနစ်

OPPO Watch S ဟာ လူကြိုက်များတဲ့ အားကစားအမျိုးအစားတွေကို ပိုမိုကျယ်ပြန့်စွာ Support ပေးထားပြီး အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုအချက်အလက်တွေကို အသေးစိတ်နားလည်နိုင်စေမဲ့ Comprehensive Data တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် ပုံမှန်ပြေးလေ့ရှိသူတွေကနေ ပြိုင်ပွဲဝင် Athlete အဆင့်ရှိသူတွေအထိ ကိုယ့် Performance ကို ပိုမိုလုံခြုံပြီး ထိရောက်စွာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ Workout Modes (၁၀၀) ကျော်နဲ့အတူ အပြေးအားကစား၊ ကြက်တောင်ရိုက်အားကစား၊ တင်းနစ် နဲ့ ရေကူးခြင်း အပါအဝင် လူကြိုက်များတဲ့ အားကစား (၁၂) မျိုးအတွက် အဆင့်မြင့် Tracking စနစ်တွေ ပါဝင်ပြီး ပိုမိုစမတ်ကျတဲ့ လှုပ်ရှားမှုနဲ့ ထိရောက်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ရန်အတွက် Science-backed Insights တွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။

အပြေးအားကစားကို အခြေပြုတဲ့ အားကစားတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် OPPO Watch S မှာဆိုရင် Flagship Model တွေမှာမှ အသုံးပြုထားတဲ့ Dual-band GPS စနစ်ကို ထည့်သွင်းပေးထားပြီး ခက်ခဲတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာတောင် တိကျမှန်ကန်တဲ့ နေရာအတိအကျကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Outdoor Run၊ Indoor Run နဲ့ Fat Burn Run စတဲ့ Running Monitoring Modes မျိုးစုံကို ထောက်ပံ့ပေးထားပြီး Total Run Time၊ Calories Burned နဲ့ Heart Rate စတဲ့ အချက်အလက်များကို တိုင်းတာပေးနိုင်ပါတယ်။ ဒါအပြင် Ground Contact Time (GCT)၊ Vertical Oscillation နဲ့ Lactate Threshold Heart Rate (LTHR) ကဲ့သို့သော Professional Running Metrics တွေကိုပါ ခြေရာခံ Track လုပ်ပေးနိုင်တာကြောင့် အသုံးပြုသူတွေအနေနဲ့ Running Form ကို ပိုမိုကောင်းမွန်အောင် Optimize လုပ်နိုင်ပြီး ဒဏ်ရာရနိုင်ခြေနဲ့ Injury ဖြစ်နိုင်ခြေတို့ကို လျှော့ချကာ Training Intensity ကို ပိုမိုတိကျစွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

Real-time Data တွေကို Treadmills နဲ့ Cycling Computers ကဲ့သို့ အစရှိတဲ့ ပြင်ပ စက်ပစ္စည်းတွေအထိပါ Sync လုပ်ပေးနိုင်တဲ့ Heart Rate Broadcast Feature ကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ် OPPO Watch S ကို မကြာခဏ ကြည့်စရာမလိုဘဲ Built-in Monitors တွေကနေ တိုက်ရိုက် စစ်ဆေးနိုင်မှာဖြစ်ပြီး OPPO Watch S ကို အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝထဲမှာ အဆင်ပြေချောမွေ့စွာနဲ့ ပေါင်းစည်းအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

အချိန်ပြည့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် Flagship-Level Health Analysis Features တွေ ပါဝင်လာတဲ့ OPPO Watch S

OPPO Watch S မှာ Flagship-Level Sensors တွေကို ထည့်သွင်းပေးထားပြီး ထိပ်တန်းအဆင့်မီ ကျန်းမာရေးစစ်ဆေးနိုင်မဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်တွေမှာ ဆိုရင် 8-channel Heart Rate Sensor ၊ 16-channel Blood Oxygen Sensor ၊ Wrist Temperature Sensor နဲ့ ECG-enabled Electrode Heart Rate Sensor တို့ ပါဝင်ပြီး ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တိကျစွာ စုဆောင်းပေးနိုင်ကာ နေ့စဉ်ကျန်းမာရေးစောင့်ကြည့်မှုမှစ၍ အဆက်မပြတ် အနက်ရှိုင်းဆုံး Well-being Insights တွေအထိ ပံ့ပိုးပေးနိုင်ပါတယ်။

အထူးထင်ရှားတဲ့ Feature တစ်ခုကတော့ 60s Wellness Overview ဖြစ်ပြီး အရေးကြီးတဲ့ Health Indicators 10 မျိုးကို တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ စစ်ဆေးနိုင်အောင် စုစည်းပေးထားတာ ဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ECG၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ အိပ်စက်မှုစက်ဝန်း၊ မိမိရဲ့ အိပ်စက်မှု ကြိမ်နှုန်း နဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု အဆင့် တို့ အပါအဝင် Comprehensive Metrics တွေကို စစ်ဆေးနိုင်ပြီး ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို အချိန်တိုအတွင်း အမြန်ဆန်ဆုံးနဲ့ အသေးစိတ်အထိ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါတိုင်းတာမှုတွေအနက် ECG လုပ်ဆောင်ချက်ဟာ ပုံမှန်အားဖြင့် Flagship Smartwatch တွေမှာသာ တွေ့ရလေ့ရှိတဲ့ Capability တစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း စည်းချက်ကျမှု ပုံမှန် ရှိ မရှိ ၊ နှလုံးခုန်မှန်မမှန် နဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေအထိကို စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မီ သတိပေးနိုင်မှာဖြစ်သလို ပရော်ဖက်ရှင်နယ် ‌ဆေးပညာဆိုင်ရာ အကြံပေးချက်တွေအတွက်ပါ အသုံးပြုနိုင်မဲ့ အရေးပါတဲ့ အချက်အလက်တွေကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Sleep Health Analysis Function က Sleeping Heart Rate၊ Respiratory Rate၊ Deep Sleep နဲ့ မိနစ် ၂၀ ခန့်သာ အိပ်တဲ့ Short Naps တွေအတွင်း ဖြစ်ပေါ်လာတတ်တဲ့ Physical Indicator Changes တွေကိုပါ Track လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ယင်း Data တွေအပေါ် အခြေခံပြီး အသုံးပြုသူတစ်ဦးချင်းစီရဲ့ အိပ်ချိန်စက်ဝန်းတွေကို ပိုမိုနားလည်နိုင်စေမဲ့ Personal Sleep Reports တွေကိုလဲ ပြန်လည် ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Dual-Connection Convenience နဲ့ All-Round Reliability ကို ပေးစွမ်းနိုင်တဲ့ OPPO Watch S

OPPO Watch S ဟာ Android နဲ့ iOS Devices နှစ်မျိုးလုံးအတွက် Smooth Connectivity ကို ပံ့ပိုးပေးနိုင်ပြီး Smartphone နှစ်လုံးအထိ တစ်ပြိုင်နက် Pair လုပ်အသုံးပြုနိုင်ပါတယ်။ Industry-leading Dual-Connection Capability ကြောင့် Devices နှစ်ခုလုံးမှ Calls နဲ့ Message Notifications တွေကို တစ်ချိန်တည်း လက်ခံနိုင်တာကြောင့် ဖုန်းနှစ်လုံးအသုံးပြုသူတွေအတွက် အထူးသင့်တော်တဲ့ Companion Device တစ်ခု ဖြစ်လာစေပါတယ်။ ပင်တိုင်သုံးတဲ့ စမတ်ဖုန်း သို့မဟုတ် စက်တွေနဲ့ ချိတ်ဆက်ထားတဲ့အခါ Contacts တွေကိုပါ Sync လုပ်နိုင်သလို ဖုန်းခေါ်ဆိုမှုတွေကို အမြန်ဆုံး ခေါ်ဆိုနိုင်ပြီး Remote Camera Control ကိုလဲ Watch က တိုက်ရိုက်အသုံးပြုနိုင်တာကြောင့် နေ့စဉ်အသုံးပြုမှုကို ပိုမိုလွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Ultra-slim Design ကို ပိုင်ဆိုင်ထားတဲ့ OPPO Watch S ဟာ ဘက်ထရီသက်တမ်း နဲ့ အကြမ်းခံမှု အပိုင်းမှာလဲ တစ်စက်မှကို အလျော့မပေးထားပါဘူး။ 330mAh Battery ကို တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်းအနေနဲ့လဲ ၁၀ ရက်အထိ အသုံးပြုနိုင်သလို ၁၀ မိနစ်အတွင်း Quick Charge လုပ်ရုံနဲ့ တစ်နေ့တာအပြည့် အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အပြင်သွားလာနေချိန်တွေမှာတောင် ပိုမိုစိတ်ချရစေမှာ ဖြစ်ပါတယ်။ OPPO Watch S ကို 2.5D Curved Glass Cover ၊ Impact-resistant Edge နဲ့ Stainless Steel ကိုယ်ထည်တို့ဖြင့် တည်ဆောက်ထားပြီး Strength နဲ့ Corrosion Resistance ကို ပိုမိုကောင်းမွန်စေကာ နေ့စဉ်အသုံးပြုရာမှာ ဖြစ်တတ်တဲ့ ထိခိုက်မှုတွေထက် ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် IP68 Dust & Water Resistance နဲ့ 5ATM Water Resistance Rating တွေ ပါဝင်တာကြောင့် ရေကူးခြင်း၊ ရေငုပ်ခြင်းနဲ့ အခြားသော ရေနဲ့ ပတ်သက်တဲ့ အားကစားတွေ လုပ်ဆောင်နေတဲ့အချိန်အတွင်း မိမိရဲ့ Workout Tracking ကိုလဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ခေတ်မီတိုးတက်တဲ့ နည်းပညာတွေနဲ့အတူ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မဲ့ OPPO Watch S ကို ၈၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချနေပြီဖြစ်ပြီး OPPO Watch S နဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz၊ Website – http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

#OPPO #OPPOMyanmar #OPPOWatchS

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top