ပင့်ကူလူသားဗီလိန် Green Goblin ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့ဖူးတဲ့ မင်းသားကြီး နစ်ကိုလက်စ် ကေ့ချ်

villan.jpg

Ghost Rider ဇာတ်ကားတွေနဲ့ နာမည်ကြီးလူသိများတဲ့ မင်းသားကြီး နစ်ကိုလက်စ် ကေ့ချ်ဟာ Spider Man ဇာတ်ကားထဲက ဗီလိန်ဇာတ်ကောင် Green Goblin မှာ ပါဝင်ရမယ့်အခွင့်အရေးကို ပယ်ချခဲ့ဖူးပါတယ်။ သူဟာ အဲ့ဒီဇာတ်ကောင်အဖြစ် ပါဝင်မယ့်အစား ဒါရိုက်တာ ဆမ် ရိုင်မီရဲ့ Adaptation ဟာသအလွမ်းအဆွေးဇာတ်ကားမှာ ပါဝင်ဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။

အဲ့ဒီအကြောင်းကို နစ်ကိုလက်စ်က Live-action ဇာတ်ကား Spider-Noir အထူးပြပွဲကို တက်ရောက်တဲ့အချိန်မှာ ပြောပြလာခဲ့တာပါ။ သူဟာ ၂၀၀၂ ခုနှစ်က Spider-Man ဇာတ်ကားမှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့ပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာမှာ Spider-Noir ဇာတ်ကားနဲ့ Spider-Man Universe ထဲ ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုတုန်းက သူ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့အတွက် အဲ့ဒီအချိန်တုန်းက ဒါဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအတွင်း ဟီးရိုးလုပ်မလား ဗီလိန်လုပ်မလားဆိုတာနဲ့ပတ်သက်ပြီး သူ့ကိုယ့်ကို ဘယ်တော့မှ ကန့်သတ်မထားချင်ခဲ့ဘူးလို့လည်း ပြောပါတယ်။ သူက ဗီလိန်ဇာတ်ရုပ်များစွာကို သရုပ်ဆောင်ခဲ့ဖူးပြီး နှစ်မျိုးလုံးကို ကြိုက်ပါတယ်။ ဟီးရိုးရော၊ ဗီလိန်ရောက ရုပ်ရှင်တစ်ကားအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။ သူက တစ်မျိုးတည်းသရုပ်ဆောင်တာမျိုးမှာ မပိတ်မိချင်ဘူးလို့လည်း သူက ပြောပါတယ်။

သူက Green Goblin ဇာတ်ကောင်ကို မရွေးချယ်ခဲ့ပေမဲ့ သူ သရုပ်ဆောင်ခဲ့တဲ့ Adaptation ဇာတ်ကားဟာဆိုရင် အထင်ကရဆုပေးပွဲတွေမှာ ၆၇ ဆုရရှိဆွတ်ခူးခဲ့ပါတယ်။

Ref: Nicolas Cage turned down chance to play Spider-Man villain Green Goblin

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top