ငွေကြေး မတတ်နိုင်တဲ့ ကျောင်းစောင့်ကြီးကို ကျောင်းသား/သူတွေနဲ့ ဆရာတွေ ပူးပေါင်းပြီး ကားအသစ် ဝယ်ပေးခဲ့

image-9.png

မိုင်ပေါင်းများစွာ ခရီးဝေး လမ်းလျှောက်ပြီး ကျောင်းလာနေရတဲ့ ကျောင်းစောင့်ကို ကျောင်းသား/သူတွေနဲ့ ဆရာ/ဆရာမတွေ ပူးပေါင်းပြီး ကားအသစ်တစ်စီး ဝယ်ယူပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ Unity Grove မူလတန်းကျောင်းမှ ကျောင်းစောင့် ခရစ်ဂျက်ဆင်ဟာ သူ့ကား ပျက်သွားပြီး ကားထပ်ဝယ်ဖို့လည်း ငွေမတတ်နိုင်တာကြောင့် နေ့စဉ်နေ့တိုင်း ကျောင်းလာဖို့အတွက် မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရပါတယ်။ တခါတလေ ကားကြုံလိုက်စီးခွင့် ရတာမျိုးရှိပေမဲ့ အများအားဖြင့်တော့ လမ်းလျှောက်ရလေ့ ရှိပါတယ်။

ဒီအကြောင်း သိသွားချိန်မှာ ကျောင်းသား/သူတွေနဲ့ ဆရာ၊ ဆရာမတွေက GoFundMe ထောင်ခဲ့ကြပြီး ရက်သတ္တပတ်အတွင်းမှာပဲ ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့ပါတယ်။ ခရစ်ဂျက်ဆင်ဟာ အမြဲပြုံးရွှင်နေတတ်သူဖြစ်ပြီး သူ့ရဲ့ တာဝန်တွေကိုလည်း မညည်းမညူ လုပ်ကိုင်လေ့ရှိတာကြောင့် လူချစ်လူခင် ပေါများတာကြောင့် အလှူငွေ ထည့်ဝင်သူ များပြားပါတယ်။

ကျောင်းသား/သူတွေနဲ့ ဝန်ထမ်းတွေက ခရစ်ဂျက်ဆင်ကို ကျောင်းဝင်းထဲမှ ကားပါကင်ဆီ ခေါ်လာခဲ့ကြပြီး လက်ဆောင်အဖြစ် ကားသော့ ပေးလိုက်ချိန်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး မျက်ရည်ကျတဲ့အထိ ဝမ်းသာသွားခဲ့ပါတယ်။

ခရစ်ဂျက်ဆင်ကတော့ ဒါဟာ “သူ့ဘဝရဲ့ အကောင်းဆုံးနဲ့ ဘယ်တော့မှ မေ့လို့မရမယ့် နေ့တစ်နေ့ပါပဲ” လို့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၂၁ ခုနှစ်က ဖြစ်ပျက်ခဲ့တာပါ။

Ref: School staff bought custodian car after they saw him walk

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top