မေလအတွင်း ဂျေရုဆလင်မြို့ကို သံရုံးပြောင်းရွှေ့မယ့် အမေရိကန်

jerusalem-municipality-welcomes-transfer-of-united-states-embassy.jpg

အမေရိကန်နိုင်ငံဟာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ မူဝါဒအပြောင်းအလဲအဖြစ် တဲလ်အဗစ်မှာ ရှိနေတဲ့ အမေရိကန်သံရုံးကို လာမယ့်မေလမှာ ဂျေရုဆလင်မြို့ကို ပြောင်းရွှေ့ဖွင့် လှစ်သွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပြီး အမေရိကန်ရဲ့ မဟာမိတ် အာရပ်နိုင်ငံတွေ ဒေါသဖြစ်စေခဲ့သလို ဂျေရုဆလင် အရှေ့ဘက်ပိုင်းကို ရလိုနေတဲ့ ပါလက်စတိုင်းတို့ စိတ်ပျက်ခဲ့ရပါတယ်။

တခြားဘယ်နိုင်ငံကမှ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုတာမရှိသေးချိန်မှာ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်က အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂကြား သဘောထားကွဲလွဲမှုတွေ ရှိစေခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနူအက်က သမိုင်းဝင်ခြေလှမ်းလုပ်ဆောင်ဖို့အတွက် စိတ်လှုပ်ရှားမှုဖြစ်ရပြီး မေလမှာ သံရုံးပြောင်းရွှေ့ဖွင့်လှစ်မယ့်အချိန်ကို မျှော်လင့် စောင့်စားနေမိတယ်လို့ ဆိုပါတယ်။

ဂျေရုဆလင်မြို့ကို သံရုံး ပြောင်းရွှေ့ဖွင့်လှစ်ချိန်မှာ သံရုံး အဆောက်အအုံကို တိုးချဲ့သွားဖွယ်ရှိနေပြီး သံရုံးအမြဲတမ်း ဖွင့်လှစ်နိုင်မယ့်နေရာ ရှာဖွေမူတွေ စတင်လုပ်ကိုင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်၊ မေလမှာ သံရုံးဖွင့်လှစ်ဖို့ စီစဉ်လိုက်တာဟာ အမေရိကန် ဒုတိယသမ္မတ မိုက်စ်ပန့် ပြောဆိုခဲ့တဲ့ အချိန်ထက် ပိုစေပါတယ်။ အမေရိကန် ဒုတိယသမ္မတက အမေရိကန်သံရုံး ပြောင်းရွှေ့ဖွင့်လှစ်မှုဟာ ၂၀၁၉ ခု နှစ်ကုန်လောက်မှသာ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ပြီးခဲ့တဲ့လက အစ္စရေးလွတ်တော်မှာ ပြောဆိုခဲ့ဖူးပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ အမေရိကန်ရဲ့ ကြေညာချက်ဟာ အစ္စရေးပြည်သူတွေအတွက် ထူးခြားတဲ့နေ့တစ်နေ့အဖြစ် ပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းတို့တော့ အမေရိကန်နိုင်ငံက ဂျေရုဆလင်မှာ သံရုံးပြောင်းရွှေ့ဖွင့်လှစ်မယ့် စီစဉ်မူကို ဒေါသဖြစ်နေပြီး လက်မခံနိုင်ဘူးလို့ ဆိုထားပါတယ်။ တစ်ဖက်သက် လှုပ်ရှားမှုတွေဟာ တရားဝင်မှာမဟုတ်ဘဲ ဒေသအတွင်း ငြိမ်းချမ်းရေး ဖန်တီးမှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် မာမွတ်အက်ဘက်စ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ နာဘီအဘူရာဒီယာနက်က ပြောခဲ့ပါတယ်။

Ref: Reuters World news

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top