Sistar အဖွဲ့ဝင်ဟောင်း ဟိုရင်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ထိုင်ဝမ်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ မေလ ၃၀ ရက်နေ့ကျ တိုင်ပေမှာ ကျင်းပမယ့် ‘Fubon Guardians G! POP Music Festival’မှာ မပါဝင်နိုင်တော့ဘူးဆိုတာကို ဟိုရင်ရဲ့အေဂျင်စီ ReH Entertainment က ကြေညာခဲ့တာပါ။
ဟိုရင်က မမျှော်လင့်ထားတဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုကြောင့် ရုတ်တရက် ဆေးရုံတင်လိုက်ရပြီး လက်ရှိမှာ အတွင်းလူနာအဖြစ် ကုသခံယူနေရတယ်လို့ သိရပါတယ်။ “ဟိုရင်က ရုတ်တရက်အရေးပေါ်အခြေအနေကြောင့် ဆေးရုံတက်နေရပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့အဆိုအရ သူဟာ ဆေးရုံတက်တာ၊ ကုသတာနဲ့ အနားယူတာတွေကို ဦးစားပေးရမှာဖြစ်တယ်”လို့ အေဂျင်စီက ပြောပါတယ်။
ဖျော်ဖြေတင်ဆက်မှုနဲ့ ပရိသတ်တွေကို တွေ့ခွင့်ရမယ့်အခွင့်အရေးကို လက်လွတ်လိုက်ရတဲ့အတွက် ဟိုရင်က အလွန်စိတ်မကောင်းဖြစ်နေပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာဖို့ အာရုံစိုက်နေတယ်လို့သိရပါတယ်။
Ref: Hyolyn hospitalized due to sudden health issue, cancels Taiwan performance
WL (ရိုးရာလေး)

