အဝေးထိန်းခလုပ်ဖြင့် ထိန်းချုပ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး စက္ကူလေယာဉ်ကို တရုတ်ကျောင်းသားများ တည်ဆောက်

RC-paper-plane.jpeg

တရုတ်နိုင်ငံမှ အလယ်တန်းကျောင်းသားတစ်စုဟာ အဝေးထိန်းခလုပ်ဖြင့် ထိန်းချုပ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး စက္ကူလေယာဉ်တစ်စင်းကို ၆ လအတွင်း အောင်မြင်စွာ တည်ဆောက် ပျံသန်းပြနိုင်ခဲ့ပါတယ်။

ရှင်ကျန်းကျီလီအလယ်တန်းကျောင်းမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသား ကျူးကျန်းကျိအပါအဝင် ကျောင်းသားတစ်စု တည်ဆောက်ခဲ့တဲ့ စက္ကူလေယာဉ်ဟာ တောင်ပံအရှည် ၆.၀၆ မီတာ၊ ကိုယ်ထည်အရှည် ၅.၀၆ မီတာ ရှည်လျားပြီး အခုလအစောပိုင်းမှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့တာပါ။ လေပေါ်မှာ ၁၅ မိနစ်ကြာ ပျံသန်းနိုင်ခဲ့ပြီးနောက် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

ကျူးကျန်းကျိနဲ့ သူ့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံ နိုင်ငံတကာလေယာဉ်ဒီဇိုင်းပြိုင်ပွဲမှာ အမျိုးသားစံချိန်သစ်တင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့က ပိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ ရည်ရွယ်ပြီး အခုပရောဂျက်ကို စတင်လုပ်ဆောင်ခဲ့ကြတာပါ။

သူတို့ဟာ KT ဖော့ဘုတ်ပြားတွေကို အဓိက အသုံးပြုပြီး အရေးကြီး အစိတ်အပိုင်းတွေမှာ တောင့်တင်းခိုင်ခံစေဖို့ ကာဗွန်ဖိုက်ဘာလိုင်းတွေနဲ့ အထောက်အပံ့ ဖြစ်စေခဲ့တာပါ။ သူတို့ဟာ ဒီဇိုင်းပိုင်းမှာလည်း အချိုးအစားသစ်တွေကို စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Ref: High School Students Create the World’s Largest Remote-Controlled Paper Plane

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top