စင်ကာပူနိုင်ငံက အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးရဲ့ Pre-Wedding ဓာတ်ပုံတွေဟာ လူမှုကွန်ယက်အကောင့် အင်စတာဂရမ်မှာ တင်ခဲ့ပြီးတဲ့နောက် လူသိများသွားခဲ့ပါတယ်။ သူဟာ Pre Wedding ရိုက်တဲ့အချိန် လက်ကိုင်ပန်းစည်းအဖြစ် ပန်းဂေါ်ဖီစိမ်းကို အသုံးပြုခဲ့လို့ပါပဲ။

နာဒီယာ လိုဝီတိုဆိုတဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသမီးက သူ့ရဲ့Pre Wedding ဓာတ်ပုံတွေကို “မင်္ဂလာပွဲအတွက် ပန်းဂေါ်ဖီပွင့်ကို စဉ်းစားနေတယ်”ဆိုတဲ့စာသားနဲ့တင်ခဲ့တာပါ။ သူက ပန်းဂေါ်ဖီပွင့်က သဘောဝအလျောက် ပြီးပြည့်စုံတဲ့အစိမ်းရောင်ပန်းစည်းလို အမြဲတွေးထားခဲ့တာလို့ ဆိုပါတယ်။
သူ့ရဲ့ပို့စ်ကို လူစိတ်ဝင်စားလာဖို့ မမျှော်လင့်ခဲ့မိဘူးလို့ နာဒီယာက ပြောပါတယ်။ သူက Pre Wedding နဲ့ စေ့စပ်ပွဲဓာတ်ပုံနှစ်ခုလုံးမှာ ပန်းဂေါ်ဖီစိမ်းကို ပန်းစည်းအဖြစ်အသုံးပြုခဲ့တာပါ။ သူက Pinterest ကနေ နည်းလမ်းရှာပြီးတော့ ပန်းဂေါ်ဖီစိမ်းကို ပန်းစည်းအဖြစ်စမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။ ပန်းဂေါ်ဖီစိမ်းကို ပန်းစည်းအဖြစ် အလှဆင်ဖို့ ၁၀ မိနစ်လောက်ပဲ အချိန်ယူခဲ့တာပါ။

နာဒီယာရဲ့မင်္ဂလာပွဲကတော့ ၂၀၂၇ ခုနှစ်လောက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
Ref: Woman in S’pore uses broccoli bouquet for pre-wedding shoot instead of flowers, air-frys it afterwards
WL (ရိုးရာလေး)

