၅ နာရီကြာ Plank ထောက်ပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၆၁ နှစ်အရွယ်အမျိုးသမီး

plank.png

မြေး ၁၂ ဦးရဲ့အဘွားဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဒွန်နာ ဂျင်းဆိုသူက အချိန်ကြာမြင့်စွာ plank ထောက်ကာ သူ့ရဲ့အရင်ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ သူဟာ အခုအပတ် Huntsman World Senior Games မှာ စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့တာပါ။ သူက ၅ နာရီကြာ plank ထောက်ပြခဲ့တာပါ။

ဒွန်နာဟာ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က ၄ နာရီ ၃၀ မိနစ် ၁၁ စက္ကန့်ကြာ Plank ထောက်ပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တာလို့ Gunness World Records က အတည်ပြုပေးထားပါတယ်။ အခုစံချိန်အသစ်ကြိုးစားမှုအတွက် လျှောက်လွှာကို လက်ခံရရှိထားပြီး စံချိန်သစ်အတွက် တရားဝင်မကြေညာခင် အထောက်အထားတွေကို စိစစ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

စံချိန်ချိုးဖို့ကြိုးစားတာမှာ ပြင်ဆင်လေ့ကျင့်မှုတွေမှာ အသက် ၃ နှစ်အရွယ်မြေးမလေးကို သူ့ကျောပေါ်မှာ လှဲအိပ်စေပြီးတော့ Plank ထောက်ခဲ့တာလည်း ပါဝင်ခဲ့တယ်လို့ ဒွန်နာက ပြောပါတယ်။ သူ ၅ နာရီကြာ plank ထောက်နိုင်မယ်ဆိုတာ မသေချာခဲ့ဘူး။ ကြိုးစားတဲ့အချိန်အတွင်း လက်လျှော့လိုက်ဖို့တောင် စဉ်းစားမိခဲ့တယ်လို့လည်း ပြောပါတယ်။

သူက ၅ နာရီကြာ plank ထောက်ပြီးတဲ့နောက်မှာ မနားဘဲ နောက်နေ့မနက်ခင်းမှာ မီတာ ၃၀၀၀ ပြေးခဲ့ပါသေးတယ်။ သူ နောက်ထပ်ကြိုးစားမှုအနေနဲ့ ၁ နာရီအတွင်း pushup အကြိမ်ရေ အနည်းဆုံး ၁၆၀၀ ကြိမ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ အရင်က ၁ နာရီအတွင်း pushup အကြိမ်ရေ ၁၅၇၅ ကြိမ်လုပ်ပြီးတောာ့ စံချိန်ချိုးခဲ့ဖူးပါတယ်။

Ref: Grandmother of 12 holds plank for 5 hours in new world record attempt

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top