ဟောလိဝုဒ်ဂန္ထဝင် မင်းသမီး မာရီလင်မွန်ရိုး ဝတ်ဆင်ခဲ့တဲ့ ဘရာစီယာတစ်ထည်ကို လေလံတင် ရောင်းချရာမှာ လေလံဆွဲသူ များပြားခဲ့ပြီး အချိန်တိုအတွင်း မျှော်မှန်းဈေးနှုန်းထက် ကျော်လွန်သွားခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလများအတွင်း မွန်ရိုး ဝတ်ဆင်ခဲ့တဲ့ ဆိုက် ၃၆ ဘရာစီယာကို အခြားပစ္စည်းပေါင်းများစွာနဲ့အတူ Julien’s Auctions လေလံပွဲမှာ လေလံတင်ခဲ့တာပါ။ ကြမ်းခင်းဈေး ၂၅ ဒေါ်လာနဲ့ စတင်ခဲ့ပေမဲ့ ၁၃ ကြိမ် ဈေးပြိုင်ပေးပြီးနောက်မှာတော့ ဒေါ်လာ ၅၀၀၀ ကျော်သွားခဲ့ပါတယ်။ လေလံကုမ္ပဏီကတော့ ဒီဘရာစီယာဟာ ဒေါ်လာ ၂၀၀၀၀ ကျော်နဲ့ လေလံအောင်မြင်ဖွယ် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မွန်ရိုး နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကျင်းပတဲ့ ဒီလေလံပွဲမှာ မွန်ရိုးရဲ့ နှုတ်ခမ်းနီ၊ သူ ကွယ်လွန်ချိန်က နေထိုင်ခဲ့တဲ့ နေအိမ် ခြံစည်းရိုး တံခါး၊ ရှားပါးဓာတ်ပုံတွေကိုလည်း လေလံတင်ထားတာ တွေ့ရပါတယ်။
Ref: Insane bidding war breaks out over provocative piece of Marilyn Monroe underwear
NZ (ရိုးရာလေး)

