ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်ဖို့ လူသားတွေကို ကာကွယ်ဆေးတစ်မျိုး ပထမဆုံးအကြိမ် စမ်းသပ်ထိုးနှံ

17-3-2020-yyl-001.jpg

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံမှာ လူသားတွေကို ကာကွယ်ဆေးတစ်မျိုး ပထမဆုံးအကြိမ် စမ်းသပ်ထိုးနှံခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့မှာရှိတဲ့ Kaiser Permanente သုတေသနစင်တာမှာ လူနာ ၄ ယောက်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးခဲ့သူကတော့ ဆီယက်တယ်မြို့မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ကလေး ၂ ယောက်အမေ ဖြစ်ပါတယ်။

ဝက်သက်ရောဂါလို ဗိုင်းရပ်စ်ကာကွယ်ဆေးတွေဟာ အားနည်းအောင် လုပ်ထားတဲ့ ဒါမှမဟုတ် ရောဂါမဖြစ်စေနိုင်တော့တဲ့ ဗိုင်းရပ်စ်ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ mRNA-1273 လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကာကွယ်ဆေးကို Covid-19 ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ကနေ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ဓာတ်ခွဲခန်းမှာ သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကနေ မျိုးဗီဇအစုအဖွဲ့ တစ်စိတ်တစ်ပိုင်းကို ကူးယူပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို တွန်းလှန်နိုင်ဖို့အတွက် လူ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကာကွယ်ဆေးထိုးနှံမှုမှာ ပါဝင်စမ်းသပ်ခံခဲ့သူတွေကို ပမာဏအမျိုးမျိုး ထိုးနှံပေးခဲ့ပါတယ်။ ၂၈ ရက်ခြားပြီး သူတို့ရဲ့ လက်မောင်းအပေါ်ဘက်ကြွက်သားထဲကို ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှာဖြစ်ပါတယ်။ ဘေးအန ္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ ကနဦးစစ်ဆေးမှုတွေ အလုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အများပြည်သူတွေအတွက် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်ဖို့ ၁၈ လအထိ အချိန်ကြာမြင့်နိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top