ဘုရင်မကြီးရဲ့ရင်ထိုးနဲ့ ဒိုင်ယာနာမင်းသမီးရဲ့ပုလဲနားကပ်တွေကို ဝတ်လာခဲ့တဲ့ ဝေလမင်းသမီး ကိတ်

15.9-2022-yyl-05.jpg

ဘုရင်မကြီးရဲ့ရင်ထိုးနဲ့ ဒိုင်ယာနာမင်းသမီးရဲ့ပုလဲနားကပ်တွေကို ဝတ်လာခဲ့တဲ့ ဝေလမင်းသမီး ကိတ်

အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ခေါင်းတလားကို ဝက်စ်မင်စတာ ခန်းမကြီးဆီ စီတန်းလှည့်လည်သယ်ဆောင်လာတဲ့ပွဲမှာ ဝေလမင်းသား ဝီလျံရဲ့ကြင်ရာတော် ကိတ် မစ်ဒယ်တန်ဟာ လက်ဝတ်ရတနာတွေကို ဂရုတစိုက်ရွေးချယ်ဝတ်ဆင်လာပြီး ဂါရဝပြုခဲ့ပါတယ်။ ကိတ်ရဲ့အနက်ရောင်ဝတ်စုံမှာ ချိတ်တွယ်လာခဲ့တဲ့ ရင်ထိုးက ဘုရင်မကြီးရဲ့စိန်နဲ့ပုလဲသစ်ရွက်ပုံရင်ထိုး (သစ်ရွက်ရဲ့အလယ်မှာ ပုလဲ (၃) လုံးပါဝင်တဲ့ ရင်ထိုး) ပါ။ ဒါက ဘုရင်မကြီးရဲ့လူသိများဆုံးရင်ထိုးတွေထဲက တစ်ခုမဟုတ်ပေမဲ့ မြင်တွေ့ရခဲပါတယ်။

ဘုရင်မကြီးရဲ့ရင်ထိုးနဲ့ ဒိုင်ယာနာမင်းသမီးရဲ့ပုလဲနားကပ်တွေကို ဝတ်လာခဲ့တဲ့ ဝေလမင်းသမီး ကိတ်

၁၉၉၉ ခုနှစ်၊ ဆိုးလ်မြို့မှာ ဘုရင်မကြီးက အဝါရောင်ဝတ်စုံပေါ် ဒီရင်ထိုးတပ်လာခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘုရင်မကြီးက ကိတ်ကို ဒီရင်ထိုးပေးခဲ့တယ်လို့ သိရပါတယ်။ ကိတ်က ဒီရင်ထိုးကို ဘယ်လ်ဂျီယံနိုင်ငံ အလည်အပတ်သွားတော့ ဆင်မြန်းခဲ့တာကို တွေ့ရပါတယ်။

စိန်နဲ့ပုလဲသစ်ရွက်ပုံရင်ထိုးကို ဘုရင်မကြီး ဝတ်ဆင်ခဲ့စဉ်

ဒီရင်ထိုးက ဘုရင်မကြီး ပိုင်ဆိုင်ခဲ့တဲ့အရာဖြစ်တဲ့အတွက် အဓိပ္ပာယ်ရှိရုံသာမက ပုလဲတွေကို ဝမ်းနည်းပူဆွေးတဲ့အချိန်မှာ မကြာခဏဝတ်ဆင်လေ့ရှိတာကြောင့်လည်း ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ ကိတ်က ဒီရင်ထိုးကို ဗြိတိန်က အောက်မေ့ဖွယ်ပွဲတော်တစ်ခုအတွက် ဝတ်ဆင်ခဲ့ဖူးပါတယ်။

ပုလဲနားကပ် ဝတ်ဆင်ထားတဲ့ ဒိုင်ယာနာမင်းသမီး

ကိတ်က ဘုရင်မကြီးရဲ့ရင်ထိုးအပြင် ဒိုင်ယာနာမင်းသမီးရဲ့နားကပ်ကိုလည်း ဝတ်ဆင်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံက The Passchendaele Commemorations ပွဲမှာလည်း ကိတ်က အဲဒီရင်ထိုးနဲ့နားကပ်တွေကို ဝတ်ဆင်ခဲ့ဖူးပါတယ်။

The Passchendaele Commemorations ပွဲမှာ ဘုရင်မကြီးရဲ့ရင်ထိုးနဲ့ ဒိုင်ယာနာမင်းသမီးရဲ့နားကပ်တွေကို ဝတ်ဆင်ထားတဲ့ ကိတ်

ကိတ်က ဘုရင်မကြီး လက်ဆောင်ပေးတဲ့ ပစ္စည်းတွေကို ဝတ်ဆင်တာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဝီလျံမင်းသားနဲ့မင်္ဂလာဆောင်တဲ့အချိန်မှာ ဘုရင်မကြီးရဲ့သရဖူတွေထဲက တစ်ခုဖြစ်တဲ့ Cartier သရဖူကို ဝတ်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖီလစ်မင်းသားရဲ့ဈာပနပွဲမှာလည်း ကိတ်က ဘုရင်ကြီးရဲ့လေးတန်းပုလဲလည်ဆွဲကို ဝတ်ဆင်ခဲ့ပါတယ်။

မကြာသေးခင်ကလည်း ကိတ်က ဘက်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီးရဲ့ခေါင်းတလားကို ကြည့်ဖို့လာတော့ ဘုရင်မကြီးရဲ့ပုလဲဆွဲကြိုးနဲ့နားကပ်ကို ဝတ်ဆင်ခဲ့ပါတယ်။

Ref: Metro “Kate Middleton wears the Queen’s diamond and pearl leaf brooch and Princess Diana’s pearl earrings to the procession of the Queen’s coffin”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top