ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့ပြည်သူ့ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၅ နှစ်သားလေး မာမီဆုခီ

puppy.jpg

ဂျပန်နိုင်ငံက ချစ်စရာကောင်းတဲ့ခွေးလေးဟာ လူမှုအသိုင်းအဝိုင်းကို ဘေးကင်းစေဖို့ သူ့ရဲ့တာဝန်ကို ထမ်းဆောင်လို့နေပါတယ်။ သူ သွားလေရာတိုင်းမှာ လူအများရဲ့နှလုံးသားကို ဖမ်းစားထားပါတယ်။

မာမီဆုခီဆိုတဲ့ ၅ နှစ်အရွယ် Shiba Inu ခွေးအမျိုးအစားလေးက Yokkaichi Minami Police Station မှာ ပြည်သူ့ဆက်ဆံရေးခွေးလေးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ယာဉ်ကြောပိတ်ဆို့မှုနဲ့ ရာဇဝတ်မှုကာကွယ်ရေးအကြောင်း အသိပညာပေးရာမှာ ကူညီပေးရင်း ဒေသခံတွေကြားမှာ အချစ်တော်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့သဘောသဘာဝနဲ့ ဖော်ရွေတဲ့ အပြုအမူကြောင့် လူသိများပါတယ်။

မာမီဆုခီက ရပ်ကွက်ရဲတပ်ဖွဲ့ကို ဦးဆောင်တဲ့ သူ့သခင် ခဲအီဂို ဆိုင်းတိုနဲ့အတူ Oyamada ရဲစခန်းမှာ စတင်အချိန်ကုန်ခဲ့တာပါ။ အစကတော့ ခဲအီဂိုက သူ့တာဝန်တွေကို ထမ်းဆောင်ရင်း အဖော်အဖြစ် မာမီဆုခီကို ခေါ်လာခဲ့တာပါ။ ခွေးလေးရဲ့ဖော်ရွေမှုနဲ့ လူယဉ်ပါးမှုက ဒေသခံတွေနဲ့ ကလေးတွေကြား ရေပန်းစားခဲ့ပြီး သူ့ကို မြင်ရဖို့ လာတွေ့လေ့ရှိပါတယ်။

မကြာခင်မှာပဲ မာမီဆုခီက ဒေသခံဘေးကင်းရေးလှုပ်ရှားမှုတွေမှာ ပုံမှန်ပါဝင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူက ကလေးတွေရဲ့ဘေးကင်းရေးနဲ့ ရာဇဝတ်မှုကာကွယ်ရေးပညာပေးဖြန့်ဝေရာမှာ သူ့သခင်ကို ကူညီပေးခဲ့ပါတယ်။ သူက ယာဉ်အသွားအလာဘေးကင်ရေးကို မြှင့်တင်ပေးတဲ့အပြင် အသိပညာပေးကြော်ငြာဆောင်ပုဒ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ မာမီဆုခီက နောက်တစ်နှစ်အတွက် ထပ်မံခန့်အပ်ခံရပြီး ရဲစခန်းကနေ ခန့်အပ်ကြောင်းလက်မှတ်ကို သူ့သခင်က ကိုယ်စားယူပေးခဲ့ပါတယ်။

Ref: This Five-Year-Old Shiba Inu Is Serving As A Police Public Relations Officer In Japan

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top