ဇွန်လ ၈ ရက်နေ့မှာ ဖိလစ်ပိုင်တောင်ပိုင်းက မင်ဒါနာအိုဒေသမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆောက်အဦးပြိုကျတာနဲ့ သေဆုံးသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်က မနက် ၇ နာရီ ၃၇ မိနစ်ဝန်းကျင် မြေအောက်အနက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) ခန့်မှာ လှုပ်ခတ်ခဲ့ပါတယ်။ သေဆုံးသူများစွာရှိတယ်ဆိုတာကို အတည်ပြုထားပါတယ်။ မြေပြင်က ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေကို အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
General Santos City မြို့ရဲ့ကမ်းရိုးတန်းမှာ လှုပ်ခတ်တာကြောင့် ငလျင်အပြီးမှာ စတိုးဆိုင်တွေနဲ့ အဆောက်အအုံတွေ ပြိုကျနေတာတွေ့ရပါတယ်။ ကျောင်းစဖွင့်တဲ့နေ့မှာပဲ အစိုးရကျောင်းတွေလည်း ငလျင်လှုပ်တာကို ကြုံလိုက်ရပါတယ်။ ကျောင်းသား/သူ၊ ဆရာ/ဆရာမတွေတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေအတိအကျကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
Ref: Deadly 7.8 magnitude earthquake hits southern Philippines
WL (ရိုးရာလေး)

