အသက် ၁၅ နှစ်အရွယ် ကောင်မလေးဟာ သူ့ဖခင် ထောင်ကျနေစဉ် သူ့မိခင်နဲ့ မောင်လေး၊ညီမလေးတွေကို ရှာကျွေးဖို့ တစ်ပတ်ကို ၂၅ စင်ကာပူဒေါ်လာ ရတဲ့ ကားရေဆေးတဲ့အလုပ်ကို လုပ်ကိုင်နေပါတယ်။ သူ (အမည်မဖော်ပြထား) ကတော့ မလေးရှားနိုင်ငံ၊ ကီလန်တန်မြို့ကပါ။ သူ့မိသားစုအတွက် ဆန်နဲ့အစားအစာဝယ်ဖို့ ကားရေဆေးတယ်ဆိုတာကို မလေးရှားလူမျိုးလူမှုရေးတက်ကြွလှုပ်ရှားသူ အဘီဟေးက ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့တာပါ။
ငွေကြေးအခက်အခဲကြောင့် အဲ့ဒီကောင်မလေးနဲ့ သူ့ရဲ့မောင်နှမတွေက ကျောင်းမနေကြပါဘူး။ သူတို့ရဲ့ကျောင်းကလည်း သူတို့နေထိုင်တဲ့နေရာနဲ့ ဝေးပါတယ်။ အိမ်ငှားခမပေးတာများလာတော့ အိမ်ရှင်က သူ့ရဲ့မိခင်ကို မနေခိုင်းတော့ပါဘူး။
ဖခင်ဖြစ်သူက မူးယစ်ဆေးဝါးနဲ့မသက်ဆိုင်တဲ့ အခြားပြစ်မှုကြောင့် ထောင်ကျနေတာပါ။ အဘီဘေးက သူတို့ရဲ့မိသားစုရဲ့အခြေအနေကို စာနာနားလည်ပြီး ကျောင်းနဲ့နီးတဲ့အိမ်တစ်လုံးကို ရှာဖွေဖို့ ကူညီပေးခဲ့ပါတယ်။ လိုအပ်နေတဲ့သူတွေကို ကူညီတာက သူ့ကို ဘယ်တော့မှ ဆင်းရဲစေမှာမဟုတ်ဘူးလို့ အဘီဘေးက ယုံကြည်ထားပါတယ်။
အဘီဘေးနဲ့ သူ့အဖွဲ့သားတွေက ဆယ်ကျော်သက်ကောင်မလေးမိသားစုအတွက် အငှားအိမ်အသစ်တစ်လုံးကိုရှာတွေ့ခဲ့ပြီး ဇွန် ၈ ရက်နေ့က ပြောင်းရွေ့ပေးခဲ့ကာ ကလေးတွေကို ကျောင်းပြန်တက်စေခဲ့တယ်လို့ သိရပါတယ်။
Ref: M’sia girl, 15, washes cars to earn S$25 a week to support mum & siblings while dad is in jail
WL (ရိုးရာလေး)

