အယ်လ်ဂျီးရီးယားမှာ တောမီးလောင်လို့ အနည်းဆုံး လူ ၂၆ ဦး သေဆုံး

18-8-2022-yyl-06.jpg

အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တောမီးလောင်ကျွမ်းလို့ အနည်းဆုံး လူ ၂၆ ယောက် သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ တူနီးရှားနိုင်ငံနယ်စပ်နားက အယ်တာ့ဖ်မြို့မှာ လူ ၂၄ ဦး သေဆုံးပြီး ဆီတစ်ဖ်မြို့မှာ သားအမိ နှစ်ယောက် သေဆုံးခဲ့တာပါ။

မီးသတ်သမားတွေဟာ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ငြှိမ်းသတ်ခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့ညနေအထိ မီးလောင်ကျွမ်းမှု တော်တော်များများကို ထိန်းနိုင်ခဲ့ခြင်း မရှိပါဘူး။ အယ်တာ့ဖ်မြို့ကတော့ အဆိုးရွားဆုံးဖြစ်ပြီး တောမီးလောင်ကျွမ်းမှု ၁၆ ခုအထိ ဖြစ်ပွားခဲ့တာပါ။

အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း တောမီးလောင်ကျွမ်းလေ့ရှိပြီး မနှစ်တုန်းကလည်း သစ်တောဧရိယာ ဟက်တာဧက ၁၀၀၀၀၀ ကျော် လောင်ကျွမ်းခဲ့ကာ လူ ၉၀ သေဆုံးခဲ့ပါတယ်။ အခုနှစ် နွေရာသီမှာလည်း အယ်လ်ဂျီးရီးယားမှာ တောမီးလောင်လို့ သေဆုံးသူ ၃၀ အထိ ရှိလာခဲ့ပါပြီ။

အခုနှစ် နွေရာသီကာလအတွင်း မြေထဲပင်လယ်ဒေသ နိုင်ငံတော်တော်များများမှာ မီးလောင်ကျွမ်းမှုတွေ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီ၊ စပိန်နဲ့ အီတလီနိုင်ငံ အစရှိတဲ့ ဥရောပနိုင်ငံတွေမှာ ပိုများခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဘော်ဒိုးမြို့က ဧရာမ တောမီးလောင်ကျွမ်းကို မီးသတ်သမား ၁၀၀၀ ကျော် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။

Ref: Algeria forest fires: At least 26 dead, minister says

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top