ဗီယက်နမ်မှာ ကြောင်သားရောင်းဝယ်ရေးဂိုဏ်းကို စီးနင်းပြီး ကြောင် ၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့

cat.webp

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကြောင်သားအရောင်းအဝယ် လုပ်နေတဲ့ ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကြောင်ကောင်ရေ ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဟိုချီမင်းမြို့မှာ အိမ်မွေးတိရစ္ဆာန်တွေ ဆက်တိုက်ခိုးယူခံနေရတာကို စုံစမ်းစစ်ဆေးရာမှတစ်ဆင့် ကြောင်သားမှောင်ခိုဂိုဏ်းကို ရဲတပ်ဖွဲ့သည် စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။

ရက်ပေါင်းများစွာ ကြာမြင့်တဲ့ စီးနင်းမှုအပြီး ကြောင်အကောင်ရေ ၄၀ ကျော်ကို ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလွန်းတဲ့ ကြောင်အကောင်ရေ ဆယ်ဂဏန်းခန့်ကတော့ သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အခင်းဖြစ်ရာမှာ အသက်ရှင်နေတဲ့ ကြောင်အကောင်ရေ ၄၀၀ နီးပါး ထည့်ထားတဲ့ လှောင်အိမ် ၄၅ လုံးနဲ့ ကြောင်အသေ ၈၀ နီးပါး ထည့်ထားတဲ့ ရေခဲဖော့သေတ္တာ ၄ လုံးကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ “ဗီယက်နမ်နိုင်ငံရဲ့ ကြောင်သားဈေးကွက် ဘယ်လောက်အထိ ကြီးမားကျယ်ပြန့်နေသလဲဆိုတာ သတိပေးလိုက်တာပဲ” လို့ ခွေးသားနဲ့ ကြောင်သားစားသုံးမှု ပပျောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ Humane World for Animals မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Ref: Vietnam police rescue hundreds of cats stolen for meat by crime ring

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top