လသားအရွယ် ကလေးငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အပ်တွေစိုက်သွင်းပြီး မှော်အတတ်စီရင်ခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ် (၈) နှစ် ချမှတ်ခံရ

i2.jpg

ကိုးလသားအရွယ် သားဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲမှာ အပ် (၁၀) ချောင်း စိုက်သွင်းပြီး မှော်အတတ်စီရင်ခဲ့တဲ့ အမျိုးသမီးကို တာဂျစ်ကစ္စတန်တရားရုံးက ထောင်ဒဏ် (၈) နှစ် ချမှတ်လိုက်ပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိတဲ့ ယာကူဘိုဗာဟာ ရုရှားနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာအောင် မှော်အတတ် စီရင်တဲ့အနေနဲ့ သူ့သားရဲ့ ခန္ဓာကိုယ်ထဲမှာ အပ်တွေ စိုက်သွင်းခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

တာဂျစ်ကစ္စတန်နိုင်ငံမြို့တော် ဒူရှန်ဘီမြို့က ကာရာဘိုလိုဆေးရုံမှာ X-rays ရိုက်ကြည့်တော့ ကလေးငယ်ရဲ့ ဦးခေါင်းခွံ၊ နှာခေါင်း၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေထောက်တွေထဲမှာ အပ်တွေစိုက်သွင်းထားတာ တွေ့ရှိခဲ့ပါတယ်။ ဆွေမျိုးတစ်ယောက်က ကလေးငယ်ရဲ့ ပါးစပ်ထဲမှာ အပ်တစ်ချောင်း စိုက်ဝင်နေတာ တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာ ကလေးငယ်ကို ဆေးရုံတင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဆရာဝန်တွေက ကလေးငယ်ရဲ့ ခန္ဓာကိုယ်ထဲက အပ်တွေကို ဖယ်ရှားဖို့ ခွဲစိတ်မှုတွေ လုပ်ခဲ့ရပါတယ်။

ယာကူဘိုဗာက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာစွဲချက်တင်ခဲ့ပါတယ်။ ရုံးတင်စစ်ဆေးမှုမှာ ယာကူဘိုဗာက အပြစ်ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ တရားရုံးက သူ့ကို ခန္ဓာကိုယ် အပြင်းအထန် ထိခိုက်စေမှုနဲ့ ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့တာပါ။

Nz (ရိုးရာလေး)

[ZawGyi version]

ကိုးလသားအ႐ြယ္ သားျဖစ္သူရဲ႕ ခႏၶာကိုယ္ထဲမွာ အပ္ (၁၀) ေခ်ာင္း စိုက္သြင္းၿပီး ေမွာ္အတတ္စီရင္ခဲ့တဲ့ အမ်ိဳးသမီးကို တာဂ်စ္ကစၥတန္တရား႐ုံးက ေထာင္ဒဏ္ (၈) ႏွစ္ ခ်မွတ္လိုက္ပါတယ္။ အသက္ (၂၇) ႏွစ္အ႐ြယ္ရွိတဲ့ ယာကူဘိုဗာဟာ ႐ုရွားႏိုင္ငံမွာ အလုပ္သြားလုပ္တဲ့ ခင္ပြန္းျဖစ္သူ အိမ္ျပန္လာေအာင္ ေမွာ္အတတ္ စီရင္တဲ့အေနနဲ႔ သူ႔သားရဲ႕ ခႏၶာကိုယ္ထဲမွာ အပ္ေတြ စိုက္သြင္းခဲ့တာလို႔ သတင္းေတြက ေဖာ္ျပပါတယ္။တာဂ်စ္ကစၥတန္ႏိုင္ငံၿမိဳ႕ေတာ္ ဒူရွန္ဘီၿမိဳ႕က ကာရာဘိုလိုေဆး႐ုံမွာ X-rays ႐ိုက္ၾကည့္ေတာ့ ကေလးငယ္ရဲ႕ ဦးေခါင္းခြံ၊ ႏွာေခါင္း၊ လည္ပင္း၊ ရင္ဘတ္နဲ႔ ေျခေထာက္ေတြထဲမွာ အပ္ေတြစိုက္သြင္းထားတာ ေတြ႕ရွိခဲ့ပါတယ္။

ေဆြမ်ိဳးတစ္ေယာက္က ကေလးငယ္ရဲ႕ ပါးစပ္ထဲမွာ အပ္တစ္ေခ်ာင္း စိုက္ဝင္ေနတာ ေတြ႕ရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ကေလးငယ္ကို ေဆး႐ုံတင္ခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ ဆရာဝန္ေတြက ကေလးငယ္ရဲ႕ ခႏၶာကိုယ္ထဲက အပ္ေတြကို ဖယ္ရွားဖို႔ ခြဲစိတ္မႈေတြ လုပ္ခဲ့ရပါတယ္။

ယာကူဘိုဗာက ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ျပစ္မႈဆိုင္ရာစြဲခ်က္တင္ခဲ့ပါတယ္။ ႐ုံးတင္စစ္ေဆးမႈမွာ ယာကူဘိုဗာက အျပစ္က်ဴးလြန္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ တရား႐ုံးက သူ႔ကို ခႏၶာကိုယ္ အျပင္းအထန္ ထိခိုက္ေစမႈနဲ႔ ေထာင္ဒဏ္ (၈) ႏွစ္ ခ်မွတ္ခဲ့တာပါ။

Nz (႐ိုးရာေလး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top