တရုတ်နိုင်ငံမှာ တောင်းစားနေတဲ့ စက်ရုပ်

robot.jpg

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ရှိ လမ်းဘေးမှာ လူပုံသဏ္ဍာန်စက်ရုပ်တစ်ရုပ်ဟာ ဒူးထောက်ပြီး တောင်းစားနေပါတယ်။ အဲ့ဒီတောင်းစားနေတဲ့ဗီဒီယိုဟာဆိုရင် လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်က လျှပ်စစ်ဓာတ်အားခပေးဆောင်ဖို့ ပိုက်ဆံအကြွေတွေ တောင်းခံနေတာဖြစ်ပါတယ်။

စက်ရုပ်က ဒူးထောက်ထိုင်ကာ လက်နှစ်ဖက်ကို ပူးကပ်ထားပြီး ဖြတ်သွားဖြတ်လာတဲ့သူတွေကို ဦးညွှတ်ကာ ပိုက်ဆံတောင်းခံနေပါတယ်။ သူ့ဘေးမှာ ငွေသားထည့်လို့တဲ့ အလှူခံကပ်ပြားနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် QR code လည်းရှိပါတယ်။ “အားသွင်းဖို့ ငွေမရှိလို့ပါ”၊ “ကျေးဇူးပြုပြီး လျှပ်စစ်ဓာတ်အားခအတွက် ကူညီပေးကြပါ”လို့လည်း ထပ်ခါထပ်ခါရွတ်ဆိုနေပါတယ်။

အဲ့ဒီစက်ရုပ်က တရုတ်စက်ရုပ်ကုမ္ပဏီ Unitress ကနေ ထုတ်လုပ်တဲ့ Unitree G1 စက်ရုပ်ဖြစ်ပါတယ်။ အဲ့ဒီပိုက်ဆံတောင်းနေတဲ့ ဗီဒီယိုပျံ့နှံ့သွားပြီးတဲ့နောက် တချို့လူမှုကွန်ယက်အသုံးပြုသူတွေက သူတောင်းစားတွေကတောင် စက်ရုပ်တွေနဲ့ အစားထိုးခံနေရပြီလားလို့ ပြောဆိုခဲ့ပါတယ်။ တချို့က ဒါဟာ ဈေးကွက်ရှာဖွေရေးလှည့်ကွက်တစ်ခုလား၊ ဖျော်ဖြေရေးပြကွက်တစ်ခုလားလို့ တွေးတောနေကြပါတယ်။ အခုလို စက်ရုပ်က ပိုက်ဆံတောင်းနေရခြင်းအကြောင်းအရင်းအတိအကျကိုတော့ မသိရပါဘူး။

Ref: Video Shows Humanoid Robot ‘Begging’ In China, Claims It Has ‘No Money To Recharge’

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top