မိချောင်းကို တုံ့ပြန်တိုက်ခိုက်ခဲ့သဖြင့် အသက်ရှင်ခဲ့တဲ့ ၁၀ နှစ်အရွယ် မိန်းကလေး

AlligatorAttack_Social.jpg

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က Juliana Ossa ဆိုသူ အသက်၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာ မိချောင်းကိုက်ခံရပေမယ့်လည်း လျှပ်တပြတ် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားပါတယ်။

သူမက အော်လန်ဒိုပန်းခြံရဲ့ ရေတိမ်ကန်ထဲမှာ ဆင်းထိုင်နေတုန်းမှာ အရှည် ကိုးပေလောက်ရှိတဲ့ မိချောင်းက သူမခြေထောက်ကို ဆွဲကိုက်ခဲ့တာပါ။ မိချောင်းပါးစပ်ထဲက သူမခြေထောက်ကို လွတ်မြောက်အောင် အမျိုးမျိုး ရုန်းကန်ခဲ့ပေမယ့်လည်း မလွတ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် သူမကို အသက်ဘေးမှ လွတ်မြောက်မယ့် အကြံတစ်ခုကို ရခဲ့ပါတယ်။ အရင်တခေါက်တုန်းက ဒီပန်းခြံရဲ့ မိချောင်းထိန်းသိမ်းရေးစခန်းကို လာလည်တုန်းက မိချောင်းတွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သင်ယူခဲ့တဲ့ အချက်တွေကို သူမက ရုတ်တရုတ် ပြန်မှတ်မိသွားပါတယ်။

ဒါကြောင့် မြန်မြန်ဆန်ဆန်ပဲ ခြေထောက်ကို ကိုက်ထားတဲ့ မိချောင်းရဲ့ နှာခေါင်းပေါက်ထဲကို သူမရဲ့ လက်ချောင်းတွေ ထိုးသွင်းလိုက်ပြီး ပြန်တုံ့ပြန်လိုက်ပါတယ်။ လက်ချောင်းတွေ ပိတ်ဆို့တာကြောင့် အသက်မရှုနိုင်တဲ့ မိချောင်းရဲ့ ပါးစပ်ပွင့်သွားတော့မှ သူမရဲ့ ခြေထောက်တွေက လွတ်မြောက်သွားပါတော့တယ်။

မိချောင်းက သူမခြေထောက်ကို ကြက်ပေါင်တုံးကြီးလို့ ထင်နေတယ်လို့ Juliana က ဆိုပါတယ်။ ဒါပေမယ့် တခြားသူတွေကိုလည်း မကြောက်ဖို့နဲ့ ဒီလိုအခြေအနေကြုံလာရင် ဒီနည်းလမ်းကို သုံးဖို့ သူမက အကြံပေးထားပါသေးတယ်။

မိချောင်းကိုက်ခံရလို့ မိန်းကလေးငယ်က ဆေးရုံပေါ်တက်ကုသရပေမယ့် စိုးရိမ်စရာအခြေအနေတော့ မရှိပါဘူး။ မိန်းကလေးငယ်ကို ကိုက်တဲ့ မိကျောင်းကတော့ အသေသတ်ခံလိုက်ပါတယ်။

Ref: Time; A Florida Girl Survived an Alligator’s Attack by Shoving Her Fingers Up Its Nostrils

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top