မက္ကဆီကိုနိုင်ငံမှာ ”ဘတ်မန်း” လို့ တင်စားခံထားရသူတစ်ဦးက ရဲတွေအပေါ် အားမလိုအားမရဖြစ်တာကြောင့် တရားခံတွေကို ကိုယ်တိုင်ဖမ်းဆီး နှိမ်နင်းလျက်ရှိပြီး ဆိုင်ကယ်သူခိုးလို့ သံသယရှိသူတွေကို ဓာတ်တိုင်တွေမှာ တိပ်နဲ့ ပတ်ထားပြီး ရဲတွေလာဖမ်းဖို့ ချန်ထားခဲ့လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလယ်ကစပြီး အခုချိန်ထိ အနည်းဆုံး ၅ ယောက်ရှိနေပြီဖြစ်ပြီး သူခိုးတွေရဲ့ နဖူးမှာလည်း “သူခိုး” လို့ စာရေးခဲ့လေ့ရှိပါတယ်။ လူအများစုက ဒါဟာ တစ်ဦးတည်းရဲ့ လက်ချက်လို့ ထင်ကြပေမဲ့ ဒေသခံအာဏာပိုင်တွေကတော့ အဖွဲ့လိုက် လုပ်တာလို့ ယူဆထားပါတယ်။ အဖမ်းခံရသူတွေဘက်ကတော့ တစုံတစ်ရာ ဖွင့်ဟပြောဆိုခြင်း မရှိသေးပါဘူး။
လက်ရှိမှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို ဥပဒေပြင်ပကနေ ဘောင်ကျော်တာမျိုး မလုပ်ကြဖို့ သတိပေးထားပါတယ်။ ဒီဖြစ်ရပ်ဟာ မက္ကဆီကို လူမှုကွန်ရက်ပေါ်မှာတော့ ဥပဒေပြင်ပက အရေးယူမှုကို ကန့်ကွက်သူနဲ့ ထောက်ခံသူဆိုပြီး သဘောထား နှစ်ခြမ်းကွဲနေပါတယ်။
Ref: Mexican Batman Duct-Tapes Alleged Motorcycle Thieves to Lamp Posts
NZ (ရိုးရာလေး)

