အမေရိကန်နိုင်ငံမှာ တစ်လအတွင်း အလုပ်လက်မဲ့ဖြစ်သူ သန်း(၂၀) ရှိလာ

06intl.jpg

COVID-19 ကူးစက်ပျံ့နှံ့လို့ အမေရိကန်နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုတွေ လုပ်ထားရပြီး စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရလို့ ပြီးခဲ့တဲ့တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၅.၂ သန်း ရှိခဲ့ပါတယ်။ အဲဒီအတွက် ပြီးခဲ့တဲ့လအတွင်း အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာနကို အလုပ်လက်မဲ့ ခံစားခွင့် လာရောက်လျှောက်ထားသူ သန်း ၂၀ ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီပမာဏမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အလုပ်ရှင်တွေ ဖန်တီးခဲ့တဲ့ အလုပ်အကိုင်ပမာဏနီးပါး ရှိပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေပြီး အလုပ်လက်မဲ့ဖြစ်သူ ၃.၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ အလုပ်လက်မဲ့ဖြစ်သူ ရာခိုင်နှုန်း ဆယ်ဂဏန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ပျံ့နှံ့မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၆၇၈၂၁၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၄၆၄၁ ယောက် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top