ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BIGBANG ရဲ့အဖွဲ့ဝင် G-Dragon ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ ၄၈ ကြိမ်မြောက်အစည်းအဝေးအတွက် ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
“G-Dragon ဟာ K-Pop ထက်ကျော်လွန်တဲ့ အနုပညာနဲ့ ယဉ်ကျေးမှုတစ်လျှောက် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုမှုကို ကျင့်သုံးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တယ်။ ကိုရီးယားမှာ ကျင်းပမယ့် ပထမဆုံးယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးရဲ့အရေးပါမှုကို ကမ္ဘာကြီးဆီ ပြသဖို့ သင့်တော်တဲ့ ပုဂ္ဂိုလ်အဖြစ် ကျွန်တော်တို့ ယူဆတယ်”လို့ ဇူလိုင် ၃ ရက်နေ့မှာ the Korea Heritage Service က ကြေညာခဲ့ပါတယ်။
အနုပညာကတစ်ဆင့် လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့နဲ့ အများပြည်သူအကျိုးစီးပွားယဉ်ကျေးမှုကို မြှင့်တင်ဖို့ ကြိုးပမ်းတဲ့ အများပြည်သူအကျိုးစီးပွားအဖွဲ့အစည်း JUSPEACE Foundation ကို G-Dragon တည်ထောင်တဲ့အကြောင်းကိုလည်း ထုတ်ပြောထားပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ကျ JUSPEACE Foundation နဲ့ UNESCO က ပရိုမိုးရှင်းဗီဒီယိုတွေနဲ့ လူကိုယ်တိုင်တွေ့ဆုံပွဲတွေမှာ ပါဝင်မယ့် G-Dragon နဲ့အတူ “Heritage in Peace” campaignကို စတင်မှာဖြစ်ပါတယ်။
Campaign ကတဆင့် ရရှိတဲ့ အလှူငွေတွေကို စစ်ပွဲ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေကို ကာကွယ်ဖို့အတွက် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဆီ ပေးအပ်သွားမှာဖြစ်ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ ၄၈ ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၁၉ ရက်နေ့ကနေ ဇူလိုင်၂၉ ရက်နေ့အထိ ဘူဆန်မှာကျင်းပသွားမှာဖြစ်ပါတယ်။
Ref : BIGBANG’s G-Dragon Named Ambassador For UNESCO World Heritage Committee
WL (ရိုးရာလေး)

