တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ဝင်ခွင့်ရရှိခဲ့သူ

16.5.24-yyl-3.jpg

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ မိန်းကလေး မက်ဒီဆင်ခရိုဝဲလ်ဟာ တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ဝင်ခွင့်ရရှိခဲ့ပြီး တချို့ကျောင်းတွေက ပညာသင်ဆုပေးပြီး ကမ်းလှမ်းခဲ့တာပါ။ သူ့ကို ကမ်းလှမ်းထားတဲ့ ပညာသင်ဆုတွေအားလုံးကို ပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၁၄.၇ သန်းအထိ တန်ကြေးရှိပါတယ်။

လေဘာတီကောင်တီ အထက်တန်းကျောင်းရဲ့ ကျောင်းတွင်း လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ခရိုဝဲလ်ဟာ သူ့အိမ်အနီးနားတစ်ဝိုက်က တက္ကသိုလ်တွေကို ဝင်ခွင့် လိုက်လျှောက်ရင်း အခုအခါမှာတော့ တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ကမ်းလှမ်းမှုအနက် ဘယ်ကမ်းလှမ်းမှုကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားရခက်နေပြီလို့ ဆိုပါတယ်။

Ref: Diligent Planning Sees Teen Accepted into 231 Schools, Winning $14.7 Million in Scholarships

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top