ကပ်ရောဂါအတွင်း ကျောင်းကားမောင်းသမားမရှိလို့ ကျောင်းကားမောင်းပေးနေရတဲ့ ကျောင်းအုပ်

11-1-2021-yyl-11.jpg

ကင်တပ်ကီပြည်နယ်အနောက်ပိုင်းက အလယ်တန်းကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကတော့ ကပ်ရောဂါအတွင်းမှာ သူ့ရဲ့ကျောင်းသား/သူတွေအတွက် ကျောင်းကားမောင်းသမားတာဝန်ကိုပါ ယူနေခဲ့ပါတယ်။ ဂျာနက် သာရို့ဂျ်မော်တန် (Janet Throgmorton) ဆိုသူက Fancy Farm အလယ်တန်းကျောင်းက ကျောင်းအုပ်ဆရာမပါ။ သူဟာ ကျောင်းကားမောင်းသမားတွေ မရှိတဲ့အချိန်ကတည်းက ကျောင်းသား၊ သူတွေ ဘေးကင်းစွာ အိမ်ပြန်ရောက်နိုင်ဖို့အတွက် သူကိုယ်တိုင် ကျောင်းကားမောင်းပြီး ပို့ပေးနေခဲ့တာပါ။

ဂျာနက်က ကျောင်းကားမောင်းရတာကို ပျော်ရွှင်နေရတာပါ။ ကျောင်းဆင်းခေါင်းလောင်းမြည်တာနဲ့၊ ကလေးတွေ ကျောင်းဆင်းလာတာနဲ့ သူက ကားပေါ်မှာအဆင်သင့်ရောက်နေရလို့ပါတဲ့။ သူ စပြီးမောင်းတဲ့နေ့ကဆိုရင် ကလေးတွေက ဘာလို့ ကားမောင်းမှာလဲ၊ ဘယ်လိုမောင်းရလဲဆိုတာ သိလို့လားလို့ မေးကြတယ်။ ဂျာနက်က မောင်းတတ်တာပေါ့၊ ကားမောင်းလိုင်စင်လည်းရှိတယ်လို့ ပြောခဲ့တာပါ။

ဂျာနက်က Fancy Farm မှာ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ (၁၁) နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ (၂) နှစ်ကမှ သူဟာ ကားမောင်းလိုင်စင်ကို ရခဲ့ပြီး ကုန်ကျစရိတ်ချွေတာနိုင်ဖို့အတွက် လေ့လာရေးခရီးသွားတဲ့အချိန်တွေမှာ ကားမောင်းသမားအနေနဲ့ အစားထိုးမောင်းပေးမှာဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပွားတဲ့အချိန်မှာတော့ သူက ကျောင်းကားမောင်းပေးနေပါတယ်။ လက်ရှိမှာ သူ့ရဲ့ကျောင်းမှာရှိတဲ့ ကားမောင်းသမား (၂) ဦးက ကိုဗစ်ရောဂါကို တွန်းလှန်နေရလို့ပါ။

ကပ်ရောဂါအတွင်းမှာ သူနဲ့အခြားဆရာ၊ဆရာမတွေကလည်း တာဝန်အမျိုးမျိုးထမ်းဆောင်ကြရတယ်လို့ ဂျာနက်က ပြောပါတယ်။ သူဟာ ကော်ဖီဆိုင်က ဝန်ထမ်းတွေကို အကြိုအပို့လုပ်ပေးရတဲ့အပြင် ကျောင်းကားမမှီလိုက်တဲ့ ကျောင်းသား/သူတွေကိုလည်း သူ့ကိုယ်ပိုင်ကားနဲ့ ကြိုပို့ပေးရတယ်လို့လည်း သိရပါတယ်။ ကျောင်းမဖွင့်တဲ့အချိန် အွန်လိုင်းကနေစာသင်ယူရမှာ အခက်အခဲဖြစ်တဲ့ကလေးတွေကိုလည်း ဂျာနက်က အိမ်အရောက်သွားသင်ပေးပါတယ်။

ကျောင်းကားပေါ်မှာလည်း ကျောင်းသား/သူနဲ့ ဝန်ထမ်းတွေက လက်သန့်ဆေးသုံးတာ၊ Mask ဝတ်ဆင်တာနဲ့ Social Distancing လုပ်တာလို စည်းမျဉ်းတွေကို လိုက်နာကြရပါတယ်။ အပူချိန်တိုင်းတာတွေလည်း လုပ်ဆောင်ကြရပါတယ်။ ဂျာနက်ကတော့ ကျောင်းအုပ်တာဝန်အပြင် ကျောင်းသား၊သူတွေ အဆင်ပြေ၊ ဘေးကင်းရေးအတွက် အခြားအလုပ်တွေကိုပါ လုပ်ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။

Ref: ABCNews “Amid bus driver shortage during COVID-19, principal drives kids home safely”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top