မင်္ဂလာပွဲ အခမ်းအနားတွေမှာ သူ့ထက်ငါ ခမ်းနားကြီးကျယ်ဖို့အတွက် ငွေကြေးအများအပြား အကုန်အကျခံလေ့ရှိကြပေမဲ့ အိန္ဒိယနိုင်ငံမှ စိန်ကုန်သည်ကြီး အဂျေးမူနော့ရဲ့လုပ်ရပ်ကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
အဂျေးမူနော့ဟာ သူ့သမီးရဲ့ မင်္ဂလာပွဲအတွက် ရူပီး သိန်း ၇၀၊ သိန်း ၈၀ သုံးစွဲဖို့ စီစဉ်ထားပေမဲ့ နောက်ပိုင်းမှာတော့ မင်္ဂလာပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့ပြီး အိမ်ရာမဲ့တွေအတွက် နေအိမ်ပေါင်း အလုံး ၉၀ ဆောက်လုပ်လှူဒါန်းပေးခဲ့တာပါ။
ဒါပေမဲ့ အိမ်ရာမဲ့တိုင်းကို ပေးတာမျိုးမဟုတ်ဘဲ အလွန်ဆင်းရဲပြီး ကျူးကျော်ရပ်ကွက်မှာ နေရသူ၊ လျှပ်စစ်မီးနဲ့ သန့်ရှင်းတဲ့ရေ မရရှိသူ၊ အရက်၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါး စွဲလမ်းခြင်း လုံးဝမရှိသူ စတဲ့ အချက်(၃)ချက်နဲ့ ကိုက်ညီမှသာ အိမ်သော့ပေးအပ်တာ ဖြစ်ပါတယ်။
သမီးဖြစ်သူကလည်း အဂျေးမူနော့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ” သူ့ဘဝအတွက် အကောင်းဆုံး မင်္ဂလာလက်ဆောင် ဖြစ်တယ်” လို့ ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာအခမ်းအနားအပြီး ဆင်းရဲနွမ်းပါးသူတွေ လက်ထဲကို အိမ်သော့တွေ လိုက်လံအပ်နှံပေးခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တာဖြစ်ပါတယ်။
Ref: Recycled Orchestra of Cateura
NZ (ရိုးရာလေး)

