ကလေးတစ်ယောက်မွေးရင် ယွမ် ၅၀၀၀၀ (ငွေကျပ် သိန်း ၁၅၀) ထောက်ပံ့မယ်လို့ တရုတ်ခရီးသွားအေဂျင်စီ ကြေညာ

3.7.23-yyl-၂၄.jpg

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်တဲ့ Trip.com Group က ဇူလိုင်လ ၁ ရက်နေ့ကစပြီး သူတို့ဝန်ထမ်းတွေ ကလေးတစ်ယောက် မွေးရင် ယွမ် ၅၀၀၀၀ ( မြန်မာငွေ သိန်း ၁၅၀ ဝန်းကျင်) ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို အရေအတွက် များပြားပြီး လုပ်သားအင်အားစု လျော့နည်းမှု ကြုံနေရချိန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်တဲ့ Trip.com Group က အခုလို ကြေညာခဲ့တာပါ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Trip.com Group ရဲ့ ဝန်ထမ်းတွေအနေနဲ့ ကလေးတစ်ယောက်ယူရင် တစ်နှစ်ကို ယွမ် ၁၀၀၀၀ နှုန်းနဲ့ ၅ နှစ်တိုင်တိုင် ထောက်ပံ့စရိတ် ရရှိမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ကုမ္ပဏီအတွက် ယွမ် ၁ ဘီလျံလောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Trip.com Group ရဲ့ အမှုဆောင်ဥက္ကဋ္ဌကတော့ လုပ်သားအင်အားစု ကြီးထွားလာဖို့အတွက် အစိုးရသာမက ကုမ္ပဏီတွေကပါ နိုင်ရာဝန်ထမ်းကြဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ တစ်အိမ်ထောင်၊ ကလေးတစ်ယောက် မူဝါဒကို ဖျက်သိမ်းခဲ့ပေမဲ့ ကလေးမွေးဖွားနှုန်း တိုးတက်လာခြင်းမရှိပါဘူး။ ကိုဗစ်-၁၉ ကာလမှာတောင် အိမ်ထောင်ရှင်တွေက ကလေးယူဖို့ တွန့်ဆုတ်နေကြတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြထားပြီး ၂၀၂၂ ခုနှစ်မှာ လူ ၁၀၀၀ ကို ကလေးမွေးဖွားမှု ၆.၇၇ အထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။

Ref: China’s biggest online travel agency to pay employees $187m to have kids

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top