ကမ္ဘာ့ဖလားဖွင့်ပွဲမှာ Jungkook ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတန်ဖိုး

22-11-2022yyl01.jpg

ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ရဲ့အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကကွာတာနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ သူ့ရဲ့သီချင်းသစ် “Dreamers” နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေမှုအတွင်း Jungkook က အသံချိုချိုလေးနဲ့ အမိုက်စားတင်ဆက်သွားနိုင်ခဲ့ပါတယ်။ အစပိုင်းမှာ Dreamers သီချင်းကို အကသမားတွေနဲ့အတူ ဖျော်ဖြေနေရင်း နောက်ပိုင်းမှာ ကွာတာအဆိုတော် Fahad Al Kubaisi နဲ့ ပူးပေါင်းသီဆိုခဲ့တာတွေ့ခဲ့ရပါတယ်။

အဲဒီတုန်းက Jungkook ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်ဝတ်စုံက နာမည်ကြီးဖက်ရှင်တံဆိပ်တွေပါပဲ။ လေကာဂျာကင်နဲ့ဘောင်းဘီရှည်က Versace တံဆိပ်ဖြစ်ပြီး အနက်​ရောင်ဘွတ်ဖိနပ်ရှည်ကတော့ Bottega Veneta တံဆိပ်ပါ။ Versace လေကာဂျာကင်ရဲတန်ဖိုးက ဒေါ်လာ ၁၄,၇၇၅၊ Versace ဘောင်းဘီရှည်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၂၂၅ ​ဖြစ်ပါတယ်။ Bottega Veneta ဘွတ်ဖိနပ်ကတော့ ဒေါ်လာ ၁၆၅၀ ပါ။ ဒေါ်လာ ၇၇ တန် oneenough တံဆိပ် နားကွင်းကိုလည်း ဝတ်ဆင်ခဲ့ပါသေးတယ်။

Jungkook က ကမ္ဘာ့ဖလားမှာ ဖျော်ဖြေတင်ဆက်ခွင့်ရတဲ့ ကိုရီးယားအဆိုရှင်ဖြစ်တဲ့အပြင် သူ့ရဲ့ Dreamers သီချင်းကလည်း နိုင်ငံပေါင်း ၁၀၀ ကျော်က itunes ဇယားမှာ နံပါတ် ၁ ရရှိထားပါတယ်။ ဒါတင်မကသေးပဲ အဲဒီသီချင်းက Audio ထွက်ရှိပြီး၂၄ နာရီအတွင်း စံချိန်အများကြီးချိုးခဲ့တယ်လို့လည်း သိရပါတယ်။ Jungkook နဲ့ ကွာတာအဆိုတော် Fahad Al Kubaisi တို့သီဆိုထားတဲ့ Dreamer သီချင်း MV က နိုဝင်ဘာ ၂၂ ရက်နေ့ ထွက်ရှိမှာဖြစ်ပါတယ်။

Photo – Stylish BTS’s Ig

Ref: Inkistyle “BTS Jungkook Looking Fly In His Dazzling Outfit For The ‘Dreamers’ Performance At The 2022 FIFA World Cup Opening Ceremony”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top