2026 FiFA World Cup ပိတ်ပွဲအခမ်းအနားဟာ ပိုမိုကြီးကျယ်ခမ်းနားမှာဖြစ်ပါတယ်။ ကမ္ဘာကျော်သရုပ်ဆောင်မင်းသားကြီးတွမ်ခရုစ်က ပိတ်ပွဲအခမ်းအနားမှာ ပါဝင်လာမယ်လို့ FIFA က ကြေညာထားပါတယ်။
ပိတ်ပွဲမှာ ဖျော်ဖြေတင်ဆက်မယ့် ကြယ်ပွင့်စာရင်းမှာ အထူးဧည့်သည်တော်အဖြစ်ပါဝင်မယ့်အပြင် အခြားနာမည်ကြီးအဆိုတော်၊ သရုပ်ဆောင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ EGOT ဆုရှင်အဆိုတော် ဂျနီဖာ ဟူဒ်ဆန်ကလည်း အမေရိကန်နိုင်ငံတော်သီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။ ပိတ်ပွဲကို ဇူလိုင် ၁၉ ရက်နေ့ကျ New York New Jersey Stadium မှာ ကျင်းပမှာဖြစ်ပါတယ်။
FIFA World Cup Final Halftime Show မှာလည်း အဆိုတော်မက်ဒေါနား၊ ဂျက်စတင်ဘီဘာ၊ ရှာကီရာ၊ BTS အဖွဲ့တို့ ဖျော်ဖြေတင်ဆက်မယ်ဆိုတာကို အခုလအစောပိုင်းမှာ ကြေညာထားပါတယ်။
Ref: Tom Cruise to join star-studded 2026 FIFA World Cup closing ceremony
WL ( ရိုးရာလေး)

